မောင့်အိမ်သူသက်ထား
Part-38
ခေါင်းကိုဖိနှိပ်ကာအသည်းသန်အော်နေတဲ့မင်းမောင်အသံကြောင့်မြသီမီးဖိုချောင်ထဲကနေပြေးထွက်လာသည်။သက်ထားလည်းနိုးလာသလိုအပေါ့သွားနေတဲဲဒေါ်နွယ်ကလည်းသားဖြစ်သူဆီအပြေးလာခဲ့သည်။
"သားငယ် အမေ့သားငယ်လေးဘာဖြစ်တာလဲဟင်"
"အား....."
ဘယ်လောက်ပဲစိတ်ဆိုးလို့ပြောဆိုဆိုသားသမီးနှင့်မိဘ မိဘကတော့ပြောတုန်းခဏပေါ့၊သားသမီးတွေကိုမပြစ်ပယ်ရက်ကြပါဘူး။
"ခေါင်းတွေပေါက်ထွက်တော့မယ် အား...."
"မြသီ ဘုရားဆောင်ပေါ်ကပရိတ်ရေ သွားယူသွား"
ပရိတ်ရေလို့ဆိုသည့်အခါကြမင်းမောင်ကဒေါ်နွယ်လက်ထဲကရုန်းပြီးအပေါ်ထပ်ကိုခပ်တည်တည်ဖြင့်တက်သွားလေသည်။
ဤသို့ဖြင့်တစ်လကျော်လောက်ထိမင်းမောင်ဟာထိုကဲ့သို့ပြုမူနေထိုင်ခဲ့သည်။ဆေးခန်းလည်းမထိုင်တော့သလိုရွာထဲမှာလည်းမင်းမောင်အကြောင်းဟာဟေးလေးတစ်ကျော်ဖြစ်နေသည်။ပိုဆိုးသည်ကထက်သိင်္ဂီကိုမတွေ့ရတာနဲ့မင်းမောင်ဟာခေါင်းတွေထိုးကိုက်လာခါမူးချာလာသည်။ကြားထဲကြည်ပြာကိုလည်းမတွေ့ရတာ၁လရှိနေပြီပင်။ကျောင်းလည်းမလာအိမ်တံခါးလည်းသော့ခတ်ခဲ့တာကြောင့်တစ်ရွာလုံးကိစ္စပေါင်းစုံနဲ့ချာချာလည်နေသည်။
ဒေါ်နွယ်တို့တစ်အိမ်သားလုံးမင်းမောင်ကိုညဘက်အလှည့်ကြစောင့်ကြည့်ရသည်။မင်းမောင်ကထိုသို့ဖြစ်ပြီးသက်ထားနှင့်မအိပ်တော့ပဲအခန်းခွဲအိပ်လေသည်။ထက်သိင်္ဂီနဲ့မဖြစ်သင့်တာမဖြစ်ရအောင်အလှည့်ကျစောင့်ကြည့်နေခဲ့ကြတာ၁လအတွင်းလူတွေလည်းအိပ်ရေးတွေပျက်ပြီးအနည်းငယ်ချောင်ကုန်သည်။ဆရာ၂၊၃ယောက်နဲ့ကုဖူးပေမဲ့တစ်ချို့ကသီလသမာဓိမလုံပဲအယောင်ပြဆရာတွေနှင့်သာတိုးခဲ့ကာ သူတို့စစ်လေမင်းမောင်ခံရလေဖြစ်သည်။
သက်ထားမောင့်ကိုကြည့်ပြီးမခံစားနိုင်။မောင်ကသူမနားကပ်မည့်အခါတွေဆိုခေါင်းကိုဖိနှိပ်ကာအော်နေရသည်။မောင့်အကြည့်တွေက
သူစိမ်းဆန်ဆန်တွေဆိုပေမဲ့တစ်ခါတစ်လေ မနက်မိုးသောက်ချိန်မောင်သက်ထားကိုကြည့်တဲ့အကြည့်တွေကအရင်ကမောင့်ရဲ့အကြည့်တွေနှင့်တူသည်။မောင်ဖြစ်ပြီး၁ပတ်လောက်နေတော့သက်ထားဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်သွားပို့တော့ကျောင်းထိုင်ဆရာတော်က သက်ထားကိုတစ်ချက်ကြည့်ပြီး အိမ်မှာမကောင်းတာတစ်ခုခုဖြစ်နေတယ် အရမ်းမကြီးထွားခင်ဆရာကောင်းသမားကောင်းနှင့်ကုသပါ။မဟုတ်ရင်ဒီပယောဂကကြီးထွားလိမ့်မည်တဲ့ ဘဘုန်းကြီးက ဘုရားသားတော်ဖြစ်သည့်အတွက်ဒီလိုကိစ္စတွေကိုဝင်ရောက်လို့မဖြစ်ဘူး။သတိပေးယုံပဲရလိမ့်မည်ဆိုပြီးသက်ထားကိုယ်အဆောင်လက်ဖွဲ့လေးတစ်ခုပေးလိုက်သည်။ထိုလက်ဖွဲ့ကိုလက်မှာပတ်ထားသည့်အချိန်ကစပြီးမောင်အနည်းငယ်ထူးဆန်းသွားသည်။
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Science Fiction"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024