Part-50(The End)

6.6K 204 50
                                    

မောင့်အိမ်သူသက်ထား

Part-50(ဇာတ်သိမ်းပိုင်း)

မနက်မိုးလင်းသည်ဆိုယုံရှိသေးတံခါးဆီကထုသံတွေအဆက်မပြတ်ထွက်ပေါ်လာသည်။

ဘုန်း.....ဘုန်း....ဘုန်း...

²"ဖေဖေ.....မေမေ"²

အမြွှာနှစ်ယောက်ရဲ့ပြိုင်တူခေါ်သံတွေနဲ့တံခါးထုသံတွေကရောနေသည်။မင်းမောင်လည်းအိပ်ယာကထကာအဝတ်စားတွေကောက်ဝတ်ပြီးတံခါးဆွဲဖွင့်လိုက်တော့အခန်းရှေ့သူတို့အင်္ကျီအဝတ်စားထုပ်လေးတွေကိုပိုက်ကာရပ်နေတဲ့အမြွှာနှစ်ယောက်ကိုတွေ့လိုက်ရသည်။မင်းမောင်လည်းမသိကျိုးကျွံပြုကာ

"ပြောတော့အိမ်ပေါ်ကဆင်းသွားကြပြီဆိုဒီအိမ်မှာမနေတော့ဘူးဆို"

"ဖေဖေ တို့ကိုပိုးပိုးတို့ကစိတ်ဆိုးပြေသေးဝူးနော် ဖွားဖွားကြီးကမသွားခိုင်းယို့ပြန်လာသာ"

ခေါင်းလေးတစ်ရမ်းရမ်းနဲ့ပြောနေတဲ့သမီးလေးချစ်စရာ။ညီမဖြစ်သူစကားကိုဘေးကသားသားကလည်းခေါင်းလေးညိမ့်ကာညိမ့်ကာနဲ့ထောက်ခံနေသည်။

မင်းမောင်လည်းဒူးလေးထောက်ကာသားနဲ့သမီးကိုကြည့်ပြီး

"ဖေဖေ ကဖေဖေ့ကလေးလေးတွေတစ်ကယ်ကြီးအိမ်ပေါ်ကဆင်းသွားပြီထင်နေတာ"

"မေမေရော...."

ဖအေစကားကိုလျစ်လျူရှူပြီးမအေဖြစ်သူကိုမေးပြီးပတ်ရှာနေသည်။

"ဟွန့် နောက်ဆိုနေတော့ဝူး "

"ဟုတ်ပါပြီဗျာနောက်ဆိုမနှင်တော့ပါဘူးလာခုမျက်နှာသွားသစ်ကြမယ်"

အမြွှာနှစ်ယောက်လက်ထဲကအထုပ်လေးတွေကိုယူကာအခန်းထဲပစ်ထားခဲ့ပြီးလက်ဆွဲကာရေချိုးခန်းဘက်ထွက်လာခဲ့သည်။သွားတိုက်ပွတ်တံသေးသေးလေးနှစ်ခုကိုယူကာသွားတိုက်ဆေးအနည်းငယ်လေးထည့်ပေးပြီးပေးလိုက်သည်။

"မြိုမချရဘူးနော်သေတတ်တယ်နော်ဖေဖေပြောတာသိတယ်မဟုတ်လား"

"ဖေဖေတားတားတို့ကိုပြောနာဘယ်လောက်ရှိပီလဲယို့သိပီယို့ဂျာ..."

"ဟုတ်ပါပြီကွာ ရော့တစ်ယောက်တစ်ခုယူ"

သားဖသုံးယောက်မျက်နှာသစ်သွားတိုက်ပြီးအခန်းထဲကဆရာမကြီးကိုနှိုးခဲ့ကာအောက်ထပ်ဆင်းလာခဲ့သည်။မမကြီးအိမ်ထောင်ကျသွားတဲ့နောက်ပိုင်းသက်ထားချက်သည်။ကျောင်းပိတ်ရက်စနေ၊တနင်္ဂနွေဆိုရင်တော့နေအနည်းငယ်မြင့်မှသာချက်ပြုတ်သည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now