မောင့်အိမ်သူသက်ထား
Part-31
စနေ၊တနင်္ဂနွေကုန်လွန်ပြီးသည့်အခါမှာ တစ်အိမ်လုံးရဲ့ဆည်းလည်းဖြစ်တဲ့ မင်းမောင်အလုပ်ဝင်ရက်ရောက်လာပြီဖြစ်သည်။
သက်ထားလည်းဆေးခန်းထိုင်ဖို့ပြင်နေတဲ့မောင့်ကိုအင်္ကျီလက်ခေါက်တင်ပေးနေရင်း
"အဟင်း.....ဒေါက်တာကြီးပေါ့...."
"....မစပါနဲ့..."
သက်ထားလည်းအနီရောင်ကတ္တီပါဘူးလေးထဲကရွှေရောင်တစ်လက်လက်နဲ့ ကဒ်ပြားလေးကိုမောင့်ယူနီဖောင်းရဲ့ရင်ဘတ်မှာတပ်ပေးလိုက်ပြီးခေါင်းအစခြေအဆုံးကြည့်ရင်သဘောကျစွာပြုံးလိုက်သည်။
"ချောမောခန့်ညားလိုက်တာမောင်ရယ်..."
"မမြှောက်ပါနဲ့တော့ မောင်ရှက်လို့ပါ..."
"ဟယ် တကယ်ပြောတာကြည့်ပါအုန်းဘယ်လောက်တောင်လိုက်ဖက်လိုက်သလဲ..."
မင်းမောင်လည်းမှန်ဆီကြည့်လိုက်တော့ဆရာဝန်ယူနီဖောင်းနဲ့သူ၊သူ့နံဘေးမှာကျောင်းစိမ်းဝတ်စုံလေးနဲ့ကျက်သရေရှိစွာလှပနေတဲ့သူ့အိမ်သူ။
"အင်းနော် မောင်တို့ကလိုက်ဖက်လိုက်တာ..."
"ကယ် လာမောင် တူတူသွားကြရအောင်..."
ဦးမင်းခိုင်နဲ့ဒေါ်နွယ်လင်မယားနှစ်ယောက်အိမ်ပေါ်ကဆင်းလာတဲ့သားဖြစ်သူကိုဝမ်းသာနေသောအကြည့်တွေနှင့်ကြည့်နေသည်။ဘေးကချွေးမဖြစ်သူကလည်းကျောင်းစိမ်းနဲ့လိုက်ဖက်နေသည်။
"ကြည့်စမ်းပါအုန်းတော် ကျုပ်သားနဲ့ကျုပ်သမီးကိုလိုက်ဖက်လွန်းလိုက်တာ..."
"သားငယ်ကိုခုလိုမြင်ချင်ခဲ့တာကြာပြီ ခုမှမြင်ရတော့တယ်...."
ဦးမင်းခိုင်လည်းသားဖြစ်သူကိုကြည့်ရင်းကျေနပ်အားရနေသည့်အသံဖြင့်ပြော၏။
မင်းမောင်အောက်ထပ်ရောက်တော့သူတို့ကိုပြုံးပြုံးကြီးကြည့်နေတဲ့မိဘနှစ်ပါးကိုပြုံးကာကြည့်ရင်းမျက်ခုံးတစ်ဖက်လှုပ်ပြလိုက်သည်။
"ဘယ်လိုနေလဲ ကြည့်ကောင်းလား အဖေ၊အမေ...."
"အမလေး....လိုက်ဖက်လွန်းလို့...."
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Science Fiction"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024