Part-32

7.8K 185 38
                                    

မောင့်အိမ်သူသက်ထား

Part-32

ဆောင်းဦးရာသီအလျောက်နှင်းမြှူတွေဆိုင်းကာအရာရာကနေရောင်ခြည်ထိသည်နှင့်စိမ်းလန်းစိုပြေကာလှပပြီးဆောင်းလေငွေ့အေးအေးကပင်သက်ကိုအေးချမ်းစေသည်။တောင်တန်းတွေနှင့်နီးကပ်သည့်အတွက်မထောရွာဟာဆောင်းတွင်းဆိုတောင်ရိပ်နှင့်ဆောင်းပေါင်းကာအချမ်းဓာတ်ပိုသည်။နှင်းမြှူတွေအုံ့ဆိုင်းနေသည့်မထောရွာကိုအရှေ့ရပ်တောင်တန်းတွေဆီကနေရောင်ခြည်တစ်ပြိုးတစ်ပြက်ကျရောက်လာသည့်အခါအလွန်လှပပြီးရင်သပ်ရှူမောဖွယ်ရာကောင်းတဲ့ပန်းချီကားတစ်ချပ်အလားဟုထင်မှတ်ရသည်။

မင်းမောင်မနက်အစောအာရုံတက်ချိန်အပေါ့သွားရန်မီးတွေဖွင့်ကာအောက်ထပ်ကိုဆင်းလာခဲ့သည်။အိမ်တံခါးမကြီးကိုဖွင့်ကာအနောက်ဘက်ကအိမ်သာဆီသွားရန်ခြေလှမ်းပြင်ရန်ခြံထဲပြေးဝင်လာတဲ့လူအုပ်ကြောင့်ရှေ့ဆက်သွားမည့်ခြေလှမ်းတွေဟာရပ်သွားသည်။

"မင်းမောင်ရေ....ကယ်ပါအုန်း.... မင်းမောင်ရေ..."

ရွာထဲကရွာသားတစ်ချို့ရဲ့အော်သံတွေကြောင့်မင်းမောင်ထိုအနားကိုသူပါပြေးသွားလိုက်သည်။အနားရောက်တော့ကလေးငယ်တစ်ယောက်ကိုပွေ့ချီလာလေသည်။ကြည့်လိုက်တော့သူနဲ့ခင်တဲ့ပေါက်ပေါက်ဆိုတဲ့၂တန်းကလေးလေးပင်။

"ဟင်....ပေါက်ပေါက်....ဘာဖြစ်တာလည်း....နှုတ်ခမ်းတွေလည်းပြာလို့..."

"မသိဘူး ခြေထောက်မှာအပေါက်နှစ်ပေါက်တွေ့တယ်.."

"ဘာ....ပိုးထိတာလား လာ...လာအိမ်အောက်ကကုတင်ပေါ်တင်လိုက်..."

မင်းမောင်လည်းအိမ်အောက်ထပ်ကဗီရိုကိုဆွဲဖွင့်ကာဆေးသေတ္တာထုတ်ယူလိုက်သည်။ကုတင်ပေါ်တင်ထားတဲ့ကလေးငယ်ရဲ့ဘေးနားထိုင်လိုက်ကာမီးထိုးပြီးမျက်လုံးတွေဖွင့်ကြည့်ကာစမ်းသပ်သည်။

"ဟင်....မျက်လုံးအရောင်က...နေပါအုန်း..."

ချက်ချင်းခြေထောက်ကိုကြည့်တော့ခြေမျက်စိအပေါ်မှာအပေါက်နှစ်ပေါက်ကိုတွေ့လိုက်ရသည်။အောက်ထပ်ကဆူညံဆူညံသံတွေကြောင့်သက်ထားအပါအဝင်တစ်အိမ်သားလုံးနိုးလာကြသည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now