မောင့်အိမ်သူသက်ထား
Part-20
မင်းမောင်မနက်အိပ်ယာနိုးတော့ဘေးဘီလက်လိုက်စမ်းတော့ပြောင်နေသည်မို့မျက်လုံးဖွင့်ကြည့်တော့မိန်းမဖြစ်သူကိုမတွေ့ရပေ။ငုပ်တုပ်ထထိုင်လိုက်ကာနဖူးထက်ဝဲနေတဲ့ဆံပင်တွေကိုလက်ချောင်းသွယ်သွယ်တွေနဲ့သပ်တင်လိုက်ပြီး
"ကျစ် မိုးလင်းလို့မျက်နှာလေးမြင်ချင်ပါတယ်ဆိုဒေါ်အိမ်သူသက်ထားတို့ကတော့လုပ်ချလိုက်ပြန်ပြီ"
အောက်ထပ်ဆင်းဖို့လှေကားထစ်နားရောက်တော့အိမ်ပေါ်တက်လာတဲ့သူမနဲတိုးလေသည်။
"ဟင်....ကျောင်းသွားတော့ဖို့လား..."
"နာရီလည်းပြန်ကြည့် ဖယ်ငါ့ရှေ့က...."
မင်းမောင်လည်းခပ်ယေးယေးပြုံးလိုက်ကာအောက်ထပ်ကိုဆက်မဆင်းတော့ပဲအပေါ်ထပ်ပြန်တက်ကာအခန်းထဲပြေးဝင်သွားလိုက်သည်။
သက်ထားလည်းသက်ပြင်းတစ်ချက်ချကာအခန်းထဲလိုက်ဝင်လာတော့မောင်မင်းကြီးသားကသနပ်ခါးတွေသွေးနေလေရဲ့။
မင်းမောင်လည်းသနပ်ခါးသွေးနေရင်းပြုံးပြကာ
"မောင်သနပ်ခါးသွေးပေးနေတာမို့အဝတ်စားလဲထားလိုက်လေ....."
သက်ထားလည်းခန်းစီးနောက်ဝင်သွားကာအဝတ်စားလဲနေသည်။အဝတ်စားလဲနေရင်းမင်းမောင်တစ်ယောက်အပြင်ကိုပြေးထွက်သွားပြန်သည်။ သက်ထား အဝတ်စားလဲပြီးလို့သနပ်ခါးလူးနေစဥ်မင်းမောင်အခန်းထဲပြန်ရောက်လာလေသည်။
"ခင်ဗျားပန်ဖို့မောင်ပန်းသွားခူးတာ"
"မင်းမောင်....."
"ခင်ဗျာ...."
"ဘာမှမဟုတ်တော့ပါဘူး"
သက်ထားလည်းသနပ်ခါးဆက်လူးနေလိုက်သည်။မင်းမောင်လည်းမိန်းမဖြစ်သူရဲ့ဆံထုံးထက်သစ်ခွပန်းပန်ပေးလိုက်ရင်ဆံနွယ်တွေကိုမြတ်နိုးစွာနမ်းရှိုက်လိုက်သည်။သနပ်ခါးပါးကွက်ကြားနဲ့လှနေတဲ့သူရဲ့အိမ်သူကိုခုံပေါ်မေးထောက်ကာကြည့်ရင်း
"သစ်ခွတွေကခင်ဗျားနဲ့မှပိုလိုက်တာဒေါ်အိမ်သူသက်ထား"
"ငါကျောင်းသွားတော့မယ် အရက်သောက်တယ်လို့သတင်းကြားရင်းနင်......"
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Science Fiction"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024