Part-42

7.6K 190 46
                                    

မောင့်အိမ်သူသက်ထား

Part-42

ဂလုန်း.....ဂလွမ်း....ခွမ်း.....

တိတ်ဆိတ်နေတဲ့မနက်အာရုံတက်ချိန်ကိုဖြိုခွင်းလိုက်တဲ့လင်ဗန်းတွေဒန်အိုးတွေလွတ်ကျသံ။မင်းမောင်တစ်ယောက်ငုပ်တုပ်ထထိုင်ကာဘေးကမိန်းမဖြစ်သူကိုကြည့်တော့အိပ်နေဆဲမို့အသာအပြင်ကိုထွက်လာခဲ့သည်။

အခန်းပြင်ရောက်တော့လင်ဗန်းတွေကိုလက်ထဲကိုင်ထားတဲ့အိမ်ကအပျိုကြီးကိုတွေ့လိုက်ရသည်။အပျိုကြီးတို့ကတော့လုပ်လိုက်ရင်ဖြင့်။

"မမကြီးရာအိုးခွက်ပန်းကန်ဖြေးဖြေးကိုင်ပါ ကျွန်တော့်မိန်းမအိပ်နေတယ်လန့်နိုးသွားမယ်ဗျ ကျွန်တော်တို့မင်္ဂလာဆောင်တုန်းကလည်းဒီလိုခုမငယ်မင်္ဂလာဆောင်ကြတော့လည်းဒီလိုမမကြီးကဟာကဟုတ်ရောဟုတ်ရဲ့လားဗျာ"

"ဟယ် အငယ်ကောင်ရယ် လင်ဗန်းတွေဆွဲယူတော့လက်ထဲကချော်ကျကုန်တာလေဟယ် အချိန်လည်းသိပ်မစောတော့ပါဘူး အငယ်မတို့တောင်မိတ်ကပ်ပြင်နေပြီ"

"ပြင်ရမှာပေါ့သူတို့ကဆောင်မှာကိုး ကျွန်တော်မိန်းမအိပ်ရေးမဝပဲနေမယ် အဲ့တာလာပြောတာဖြေးဖြေးသက်သာလုပ်"

"အမလေးအေ "

မြသီမောင်လည်းအကဲပိုလွန်းတဲ့မောင်ဖြစ်သူကိုမျက်စောင်းလေးဝင့်ကာနှုတ်ခမ်းလေးမဲ့ရင်းအောက်ထပ်ဆင်းလာခဲ့သည်။အောက်ရောက်တော့ဒံပေါက်အတွက် အချဥ်သုပ်သုပ်ရန်သခွားသီး၊မုန်လာဥနီ၊ငရုတ်သီးစိမ်း၊သရက်သီးအရှိသည်တို့ကိုတစ်ယောက်တစ်လက်နှင့်လှီးနေကြသည်။

ဒံပေါက်အပြင်ခေါက်ဆွဲကြော်ပါပါသေးသည်မို့ခေါက်ဆွဲကြော်တဲ့လူတွေကအိမ်နောက်ဖေး၊ဒံပေါက်ချက်တဲ့လူတွေကအိမ်ခြေရင်းနဲ့နေရာကွက်လပ်မရှိလူပြည့်​နေသည်။

မနက်၆နာရီခွဲလောက်ကြသက်ထားနိုးလာသည်။မောင့်ကိုမတွေ့ရသည်မို့အောက်ထပ်မှာလုပ်ကူ​နေပြီမှန်းသိလိုက်ရသည်။သူမလည်းထကာအောက်ထပ်ကိုဆင်းလာခဲ့သည်။အောက်ထပ်ရောက်တော့မဏ္ဍပ်ထဲကူးသန်းနေတဲ့လူများစွာကိုတွေ့လိုက်ရသည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now