Part-11

5.2K 102 10
                                    

မောင့်အိမ်သူသက်ထား

Part-11

စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်ပြန်ရောက်လာသည်မို့သက်ထားအိမ်မှာလုပ်စရာမရှိတာနဲ့ခြံထဲမမကြီးနှင့်အတူပန်းတွေစိုက်နေသည်။ခြံကျယ်သည်မို့ခေါင်းရင်းအခြမ်းဟာပန်းတွေနဲ့သာပြည့်နှက်နေသည်။

"မမကြီး မငယ်ကဒီနေ့ပြန်လာမှာလား"

မြသီမောင် သက်ထားမေးခွန်းကြောင့်နောက်ကိုလှည့်ကြည့်ရင်း

"ဒီတစ်ပတ်ပြန်မလာဘူးတဲ့နောက်အပတ်မှဘာမှာလိုက်လို့လည်းသက်ထား"

"အင်္ကျီတွေမှာလိုက်တယ်လေအဲ့တာကြောင့်"

နှစ်ယောက်သားခေါင်းရင်းပန်းခြံထဲရှိနေစဥ်သီချင်းသံကိုကြားလိုက်ရသည်မို့ခေါင်းလေးတွေကဲကာပတ်ကြည့်မိသည်။

"အရက်ဆိုတာသောက်တိုင်းမူး....မူး...မူး..ဘယ်ချိန်သောက်သောက်မူး....အိုး...တစ်ရေးနိုးသောက်လည်းမူး...တစ်ခွက်သောက်တော့မူး...နှစ်ခွက်သောက်တော့မူး...သုံးခွက်သောက်တော့မူးမူးမူး"

မျက်နှာသစ်ဖို့ထွက်လာတဲ့မင်းမောင်လည်းသူနဲ့ကိုက်တဲ့သီချင်းကိုညီးရင်းရေချိုးခန်းထဲဝင်လာခဲ့တော့သည်။

သက်ထားလည်းမင်းမောင်သီချင်းကြောင့်နှုတ်ခမ်းလေးမဲ့ကာ

"မိုးလင်းလို့သီချင်းဆိုတာတောင်အရက်ကပါသေးတယ်နော်မမကြီး"

"သူ့ဘော်ဒါကြီးလေအရက်က"

မြသီမောင်ကတော့မောင့်ဖြစ်သူအကြောင်းပြောရင်သူမမျက်နှာဟာအမြဲ ပြုံးရွှင်နေလေရဲ့။

သော်တာနဲ့စစ်နိုင်ဦးနှစ်ယောက်သားမီးဖိုချောင်ထဲမနက်စာပြင်ဆင်ရင်းချက်ပြုတ်နေကြသည်။စစ်နိုင်ဦးလည်းကော်ဖီဖျော်နေရင်းဆရာမကိုတစ်ချက်ကြည့်မိတော့ အဝါရောင်ရင်စေ့လက်ပြတ်အင်္ကျီလေးကိုဝတ်ထားတာကြောင့်လက်မောင်းသားဖြူဖြူအိအိလေးတွေကလှနေသည်။ဆံပင်ကိုညှပ်ကလစ်တစ်ခုနဲ့ညှပ်ထားတာကကပို့ကယို့နဲ့ဟိုကျဒီကျနဲ့ပုံစံလေးကသူမနဲ့လိုက်သည်။ဗမာဝမ်းဆက်ကိုချပ်ချပ်ရပ်ရပ်ဝတ်ဆင်ထားတာကြောင့်ခန္ဓာကောက်​ကြောင်းကအထင်းသားပင်လှလွန်းတဲ့ကောက်ကြောင်းကြောင့်စစ်နိုင်ဦးငေးလေရာရေနွေးပူတွေကလျှံပြီးလက်ကိုဖိတ်စင်မှသာအသိပြန်ဝင်တော့သည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now