မောင့်အိမ်သူသက်ထား
Part-30
မနက်အာရုံတက်ချိန်ကြက်တွန်သံတွေကြောင့်သက်ထားနိုးလာရသည်။ခန္ဓာကိုယ်အားလူးလှိမ့်တော့မရပေ။မော့ကြည့်တော့သူမကိုတင်းကျပ်စွာဖက်ပြီးအိပ်မောကျနေတဲ့မောင့်ကိုတွေ့လိုက်ရသည်။ကုတင်ခေါင်းရင်းကဖုန်းကိုယူကာဖုန်းမီးဖွင့်လိုက်ပြီးမောင့်မျက်နှာကိုသေချာစိုက်ကြည့်နေသည်။
"ချောလိုက်တာ...ကြည့်ပါအုန်း...."
မောင့်ပါးပြင်တစ်ဖက်ကိုနမ်းလိုက်ရင်းတစ်စိမ့်စိမ့်ကြည့်နေသည်။မင်းမောင်အိပ်နေရင်းလှုပ်ယွလှုပ်ယွဖြစ်နေပြီးမျက်နှာကိုအလင်းစူးနေတာကြောင့်မျက်လုံးကိုပွတ်သပ်ပြီးကြည့်လိုက်တော့သူ့အိမ်သူကသူ့ကိုစိုက်ကြည့်နေသည်မို့အိပ်ချင်မူးတူးပုံစံနှင့်ပြုံးပြလိုက်သည်။
"အိပ်ချင်မူးတူးနဲ့ပြုံးပြနေတာချစ်စရာ..."
"ဘယ်ထဲကနိုးနေတာလည်း..."
"ခုနကမှပါ အိပ်မရတော့လို့..."
"ပြန်အိပ်မယ် စနေ၊တနင်္ဂနွေပိတ်ရက်ဟာ အစောကြီးဘာထလုပ်မှာလဲမောင့်ရင်ခွင်ထဲကနေတစ်ရေးပြန်အိပ်...."
သက်ထားလည်းဖုန်းမီးပိတ်လိုက်ပြီးမောင့်ရင်ခွင်ထဲခေါင်းလေးဝင်တိုးကာအိပ်လိုက်သည်။
မင်းမောင်ရင်ခွင်ထဲကသူ့ရဲ့အိမ်သူအားမြတ်နိုးစွာငုံ့ကြည့်ပြီးသဘောကျစွာပြုံးလိုက်၏။ထို့နောက်ဆံနွယ်အိအိလေးတွေအားနမ်းရှိုက်ရင်းတစ်ရေးပြန်အိပ်လိုက်သည်။
မိုးလင်းလို့နေအပူရှိန်ကြောင့်ကျောတွေပူလာရကာအိပ်မရတော့ပေ။မင်းမောင်သူ့ရင်ခွင်ထဲနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့သူမအားစိုက်ကြည့်နေရင်းပါးဖောင်းဖောင်းလေးဆီအကြည့်ရောက်ခိုက်အူသဲယားစွာငုံ့နမ်းလိုက်သည်။
"ဒေါ်အိမ်သူသက်ထား.... ထတော့လေ...မိန်းမ...ထတော့လေမိုးလင်းနေပြီ..."
"အင်း.....ဟင်း... "
လူကသာမျက်လုံးဖွင့်မလာသေးပေမဲ့အသံသေးသေးလေးကဦးစွာထွက်လာသည်။
"ထတော့လေ....မိုးလင်းနေပြီဗျမောင့်မိန်းမရ...အိပ်ပုတ်လေးပဲခင်ဗျားကဟင်..."
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Science Fiction"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024