မောင့်အိမ်သူသက်ထား
Part-23
နေရောင်တွေတစ်ဖြည်းဖြည်းလက်လာသည်နှင့်သက်ထားလည်းကျောင်းသွားဖို့ပြင်တော့သည်။သက်ထားအဝတ်စားလဲပြီးလို့ပြန်ထွက်လာတော့မင်းမောင်ကသနပ်ခါးသွေးပေးနေသည်ကိုတွေ့ရသည်။
မင်းမောင်လည်းသနပ်ခါးသွေးတာအနှစ်များစွာရသည်နှင့်သနပ်ခါးတုံးကအနှစ်တွေကလက်နှင့်သပ်ကာကျောက်ပျဥ်ပေါ်တင်လိုက်သည်။
"မောင်သနပ်ခါးသွေးပြီးပြီ လာလိမ်းတော့ မောင်ပန်းသွားခူးလိုက်အုန်းမယ်နော်"
"အင်း...."
မင်းမောင်လည်းမိန်းမဖြစ်သူကိုရယ်ပြရင်းအောက်ထပ်ဆင်းလာပြီးခြံထဲကသစ်ခွခရမ်းရောင်နှစ်ခက်ကိုခူးယူပြီးရေဆေးကာအပေါ်ထပ်တက်လာခဲ့သည်။သနပ်ခါးလိမ်းနေတဲ့ချစ်ဇနီးရဲ့ဆံထုံးလှလှလေးထက်ပန်ပေးရင်းနမ်းလိုက်ကာ
"သစ်ခွတွေကခင်ဗျားနဲ့မှပိုလိုက်တာဒေါ်အိမ်သူသက်ထား"
"သစ်ခွခရမ်းရောင်ကိုမြင်ရင်မောင်ကခင်ဗျားမျက်နှာလေးကိုအရင်ပြေးမြင်မိတယ်သိလား"
"ကျောင်းသွားတော့မယ်မင်းမောင်"
"မောင်လိုက်ပို့ပေးမယ် "
မင်းမောင်လည်းဆွဲခြင်းကောက်ဆွဲကာအောက်ထပ်ဆင်းလာခဲ့ပြီးအသင့်ပြင်ထားတဲ့ထမင်းချိုင့််၊ရေသန့်ဘူး၊မုန့်၊ကော်ဖီ၊သစ်သီးတို့ကိုထည့်ပြီးဆိုင်ကယ်ဆီယူလာခဲ့သည်။သူမဆိုင်ကယ်ပေါ်ရောက်သည်နှင့်ကျောင်းကိုမောင်းလာခဲ့တော့သည်။ရွာလမ်းထဲမောင်းနေရင်းစစ်နိုင်ဦးတို့နှင့်တိုးလေသည်။
သော်တာသက်ထားအားတွေ့လိုက်ရသည်မို့သမင်လည်ပြန်လှည့်ကြည့်ရင်း
"နေကောင်းသွားပြီပေါ့..... "
"ကောင်းသွားပြီလေ...."
"ဒီနေ့ကျောင်းမှာမွေးနေ့ရှိတယ်..."
"ဘယ်သူ့မွေးနေ့လဲ.."
"ဆရာအတန်းကကလေးလေး ပေါင်မုန့်နို့စမ်းတဲ့..."
သက်ထားလည်းသော်တာစကားကြောင့်မင်းမောင်ပုခုံးကိုအသာပုတ်လိုက်ကာ
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Science Fiction"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024