မောင့်အိမ်သူသက်ထား
Part-13
မင်းမောင်အိပ်ယာနိုးတော့လက်ကဆစ်ကနဲနာကျင်ကာကိုက်သွားသည့်မို့အသာကြည့်လိုက်တော့မှန်ကွဲစစိုက်ဝင်ထားတာကြောင့်အသားကဟောင်းလောင်းကြီးနှင့်သွေးတွေကခြောက်နေသည်။ထို့နောက်မျက်နှာသစ်ပြီးထမင်းစားခန်းထဲဝင်လာတော့အဖေနဲ့အမေတို့ကိုတွေ့လိုက်ရလေသည်။
ဦးမင်းခိုင်လည်းညကအသံကြားလိုက်တာကြောင့်သားဖြစ်သူကိုအကဲခတ်ကာကြည့်ရင်း
"မင်းမောင် ညကဘာသံလဲ"
"ကျုပ်အခန်းကမှန်ကွဲသွားတာ..."
"ဟယ်တော် မှန်ကဘယ်လိုလုပ်ပြီးကွဲသွားရတာလည်းသားငယ်"
သားဖြစ်သူဆီမှန်ကွဲသွားသည်ဆိုတာကြောင့်အံသြထိတ်လန့်မှုနဲ့မေးလိုက်၏။
"ကျုပ်ခွဲလိုက်တာစိတ်ညစ်လို့တော်ပြီဗျာ ထန်းတောသွားပြီ"
စကားကိုတန်းလန်းကြီးထားခဲ့ကာဘောင်းဘီတိုနဲ့ခြံထဲကနေထွက်သွားတဲ့သားဖြစ်သူကိုကြည့်ပြီးဦးမင်းခိုင်လည်းသက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။
သက်ပြင်းရှည်ကြီးချလိုက်တဲ့ခင်ပွန်းဖြစ်သူကိုဒေါ်နွယ်ကြည့်ကာ
"တော်ကရောဘာဖြစ်ပြန်ပြီလဲသက်ပြင်းကြီးတစ်ချချ"
"ဘာမှမဟုတ်ပါဘူးကွာ စားစရာရှိတာသာစားစမ်းပါ"
မင်းမောင်လည်းရွာတောင်ပိုင်းက ဒွေးမြိုင် ထန်းတောကိုထွက်ချလာသည်။လမ်းလာရင်းရင်ထဲမှာတစ်နုတ်နုတ်နဲ့ခံပြင်းနေမိသည်။ထန်းတောနားရောက်တော့ပုတိုနဲ့တိုးလေသည်။
"ဟာ သားကြီးဘယ်လဲ"
"စောက်သဲကွဲလို့ထန်းရည်ချမလို့သောက်မလား"
"သောက်မှာပေါ့ကွ..."
"အဲ့ဆို သွားမယ်....."
အောင်ပုနဲ့မင်းမောင်လည်း ဒွေးမြိုင် ထန်းတောထဲဝင်လာတော့လူတွေစည်ပြီးအဖွဲ့လိုက်တွေသောက်နေကြသည်ပင်။လူလွတ်သည့်အစွန်ဆုံးဝိုင်းကိုသွားကာနှစ်ယောက်ထိုင်လိုက်သည်။
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Science Fiction"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024