Part-26

9.2K 173 35
                                    

မောင့်အိမ်သူသက်ထား

Part-26

ကထိန်ကိုပိတ်ရက်၅ရက်ဖြစ်တာကြောင့်ဒီနေ့သက်ထားပိတ်ရက်ကျန်သည်မို့ခြံထဲတံမြက်စည်းလှည်းသိမ်းဆည်းသည်။မင်းမောင်ကအိတ်နှင့်အတူအမှိုက်တွေကြုံးပြီးခြံနော​က်ကကုက္ကိုပင်ခြေရင်းသွားပစ်သည်။အိမ်ထောင်ကျပြီးမှအချိုးတွေပြေကာပြောင်းလဲသွားတဲ့မင်းမောင်ကြောင့်အိမ်သားတွေအပါအဝင်အပေါင်းအပါတွေ၊နှင့်ရွာသူရွာသားတွေအားလုံးအံ့သြကုန်ကြသည်။

မင်းမောင်လည်းအမှိုက်တွေကြုံးလို့ပြီးစီးသည်နှင့်ခြေလက်ဆေးကာအိမ်နောက်ဘက်ကကြက်တဲထဲ ချက်ကြီးတို့ရှိရာဆီလာခဲ့သည်။အဖေ က ကြို့ပင်ကောက်ကိုအစည်းဝေးပွဲသွားတာကြောင့်အိမ်နောက်ကြက်ခြံထဲဖဲဝိုင်းတည်နေသည်။မိန်းမဖြစ်သူမသိအောင်အသံတိုးထားရသည်။

ချက်ကြီးလည်းခုမှပေါ်တော်မူလာတဲ့ကောင်ကြောင့်တိုင်ပင်မှီနေရင်းနှုတ်ခမ်းမဲ့ကာ

"ငါတို့ကပြန်အိပ်နေတာလားလို့မင်းမောင်...."

မင်းမောင်လည်းဖဲချပ်ဝေရင်းပြုံးကာ

"ငါအမှိုက်ကြုံးနေလို့ပါကွာ ခုပြီးပြီလေ ဟော ခုပြီးတော့လာဆော့ပြီလေ..."

"အလုပ်တွေကြိုးစားလှချည်းလားသားကြီးရ.."

မဲလုံးစကားကြောင့်မင်းမောင်လည်းပုခုံးပုတ်လိုက်ကာ

"ကြိုးစားရမှာပေါ့လို့ မကြိုးစားရင်မိန်းမထုမှာပေါ့လို့ အောင်စေမျိုးရဲ့..."

"မယားကြောက်...!!

ပုတိုစကားကြောင့်ကျန်တဲ့လူတွေအကုန်သဘောကျစွာရယ်ကျလေသည်။

"တိုးတိုးနော်အသံကျယ်ရင်ပါးချမှာ..."

"ဟေ့ကောင် ထိုးမှာလို့ပြောရမှာလေ..."

"အော် အေ ယောင်သွားလို့ပါကွာ အသံကျယ်ရင်ထိုးမှာနော်..."

"ဟေ့ကောင်မင်းမောင်...."

"ဝေ...ဘာလဲ"

"လာမဲ့အင်္ဂါနေ့ကြဇော်လတ်တို့ကြက်သွားတိုက်မလို့တဲ့...."

ကြက်ပွဲဆိုတာကြောင့်မင်းမောင်ခေါင်းထောင်ကာချာကနဲကြည့်လိုက်သည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now