မောင့်အိမ်သူသက်ထား
Part-7
မင်းမောင်မနက်စာစားပြီးဆရာမလေးဆွဲ ခြင်းယူကာသူ့ဆိုင်ကယ်ရှိရာလျှောက်လာခဲ့ကာဆရာမလေးထွက်အလာကိုစောင့်နေသည်။
သက်ထားလည်းမနက်စာအမြန်စားလိုက်ခါလက်သုတ်ပြီးအပြင်ကိုခပ်သုတ်သုတ်ထွက်လာခဲလိုက်သည်။ကျန်ခဲ့တဲ့မိသားစုဝင်တွေကတော့ပြုံးပြုံးကြီးတွေကျန်ခဲ့သည်ကိုမမြင်နိုင်ချေ။
အိမ်ထဲကဆရာမလေးထွက်လာသည်ကိုမင်းမောင်မြင်သည်နှင့်
"မနက်စာစားလို့ဝပြီလားဆရာမလေး"
"မြန်မြန်မောင်းတော့ငါကျောင်းနောက်ကျနေပြီမင်းမောင်"
"ဆိုင်ကယ်ပေါ်ကြမတက်ပဲမောင်းခိုင်းနေတော့ဘယ်လိုရောက်မှာလည်း"
မိန်းမတွေလိုတစ်ခွန်းမခံ ပြန်ခံပြောနေတဲ့မင်းမောင်ကြောင့်သက်ထားနှုတ်ခမ်းလေးကိုက်ကာသူ့ဆိုင်ကယ်ပေါ်တက်လိုက်သည်။
"ဝူး......အမလေး....မင်းမောင်"
လီဗာကောက်ဆွဲလိုက်တာကြောင့်လူကဆက်ကနဲသူ့ကျောပြင်ကြီးနဲ့ထိသွားရသလိုလက်တစ်ဖက်ကသူ့ပုခုံးကိုကိုင်မိရင်းအော်လိုက်မိသည်။
"ဟဲဟဲ....လီဗာစမ်းကြည့်တာ..."
မင်းမောင်လည်းရွာလမ်းအတိုင်းမောင်းလာတော့ကျောင်းသားတွေကဆရာမလေးကိုနှုတ်ကြတော့သူ့မှာမသိရင်အမျိုးသမီးကိုအလုပ်လိုက်ပို့ပေးနေတဲ့လူတစ်ယောက်လိုခံစားမှုကရင်ထဲတိုးဝင်လာလေသည်။အနောက်ကဆရာမလေးကတော့ဘယ်လိုနေလည်းမသိရှေ့ကမင်းမောင်ကတော့ရင်တွေကဆိုင်းသံဗုံသံတွေလိုမြည်ဟီးနေရသည်။
မောင်းလာရင်Clickဘီးအနီရောင်စီးလာတဲ့စစ်နိုင်ဦးကိုတွေ့လိုက်ရသည်မို့ဒင်းဆိုင်ကယ်ကိုကျော်တက်လိုက်သည်။
"မင်းမောင်ဖြည်းဖြည်းမောင်းပါနောက်ကပြုတ်ကျတော့မယ်"
သက်ထားလက်တစ်ဖက်ကသူ့ပုခုံးတစ်ဖက်ကိုတင်းကျပ်စွာကိုင်ထားရသည်။နောက်ကိုကိုင်ဖို့ကလည်းမဖြစ်ပေ။
စစ်နိုင်ဦး သူ့ကိုကျော်သွားတဲ့မင်းမောင်ဆိုင်ကယ်နောက်ကဆရာမလေးပါသွားတာကြောင့်မျက်မှောင်ကြီးကျုံ့သွားရသည်။
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Science Fiction"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024