မောင့်အိမ်သူသက်ထား
Part-44
"ဟာ အဲ့တာငါတို့နှစ်ယောက်လား အောင်မလေးကွာ"
ဧည့်ခန်းထဲကစားပွဲပေါ်ဖုန်းတင်ပြီးမနေ့က ကခဲ့တာကိုခေါင်းချင်းဆိုင်ကာကြည့်နေတဲ့မင်းမောင်နဲ့ခရောင်။မင်းမောင်ရဲ့ရေရွတ်သံထွက်လာသည်။
"အားပါးပါး....ဒီလောက်တောင်ဆိုးလှချည်လား"
နှစ်ယောက်လုံးရဲ့ရေရွတ်သံတွေကထွက်ပေါ်လာသည်။ဒေါ်နွယ်တစ်ယောက်ဟက်ဟက်ပက်ပက်ရယ်ရင်း
"ကြာဖြူသီချင်းကိုတောင်ကြာညိုဆိုပြီးဆိုလိုက်သေးတယ် အမလေးဟယ်"
"ကျွန်တော်ခေါင်းနာနေသလိုပဲအမေ"
"နာမှာပေါ့ငါခွက်နဲ့ခေါက်ထားတာ"
"ဗျာ...ဘာဖြစ်လို့ခေါက်တာလဲဘာလုပ်လို့လဲ"
ဦးမင်းခိုင်လည်းကြယ်နီဆေးပေါ့လိပ်သောက်လာရင်းဝင်ထိုင်လိုက်ကာခြေချိတ်ထိုင်လိုက်သည်။
"မင်းကငါရေလောင်းပေးတာကိုမိုးရွာလာပြီတံခါးပိတ်အုန်းမှဆိုပြီးငါ့ပုဆိုးကိုအတင်းလိုက်ဆွဲနေတာလေ"
"ဟာ ဟုတ်လို့လားဗျာ ကျွန်တော်တို့မလုပ်ပါဘူးနော်"
"ဟ ငါတို့ကမဟုတ်ပဲပြောမလား မင်းရယ်ခရောင်ရယ်ဘုန်းကြီးကျောင်းကိုလိုက်ခဲ့ကြအုန်း"
"ကျုပ်ရောလားဦးလေး"
ခရောင်လည်းကိုယ့်ကိုကိုယ့်လက်ညှိုးထိုးရင်းပြောလိုက်သည်။ဒီနေ့တောထဲပြန်ဖို့စိတ်ကူးထားတာသူကြီးကခေါ်နေပြီ။
"အေး ဆရာတော်ခေါ်ထားလို့သွားကြမလို့"
"ဒါနဲ့ကျွန်တော်မိန်းမရော"
"သူကြီးကျုပ်မိန်းမရော"
မိန်းမတွေကိုကိုယ်စီမေးနေကြတဲ့နှစ်ယောက်ကိုကြည့်ပြီးဦးမင်းခိုင်မျက်နှာမဲ့လိုက်သည်။
"မင်းကငါ့အိမ်ကနတ်နဲ့အနေနီးသွားလို့မင်းပါပါးစပ်စွဲသွားတာလားခရောင်"
"ဟမ်!နတ် ဘာနတ်လဲ"
"မယားချစ်နတ်လေ"
သူကြီးကသူ့သားဘက်ကိုမေးငေါ့ပြနေသည်မို့သူ့သားကိုပြောမှန်းခရောင်သိလိုက်သည်။ဒီလူနာမည်ကဆန်းတော့ဆန်းသား။
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Science Fiction"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024