Part-18

11.5K 153 23
                                    

မောင့်အိမ်သူသက်ထား

Part-18

မင်္ဂလာဆောင်အစနေ့ရောက်ပြီမို့သက်ထားနဲ့မင်းမောင်အပါအဝင်တစ်အိမ်သားလုံးအစောကြီးထကာပြင်ဆင်စရာရှိတာပြင်ဆင်နေကြသည်။မိုးလင်းပိုင်းမှာတော့ရွာထဲကအမျိုးသမီးကြီးတွေနဲ့အပျိုအရွယ်တွေအားလုံးစုဝေးရောက်လာကြသည်။မဏ္ဍပ်အလှဆင်ဖို့၊ဆောင်းဘောက်တို့ကိုက ပြည်မြို့ကငှားထားသည်တဲ့မွန်းမတည့်ခင်တော့ရောက်မည်ဟုဖုန်းလှမ်းဆက်လေသည်။

"သားငယ်ရေ မီးဖိုချောင်ထဲမှာကြက်သွန်နီအိတ်ဒီရှေ့ကိုယူလာပေးပါအုန်း"

ဒေါ်နွယ်လည်းမဏ္ဍပ်ထဲတာလပက်ခင်းကာကြက်သွန်တွေခွာနေကြတဲ့အမျိုးသမီးကြီးတွေဝိုင်းကနေသားဖြစ်သူကိုလှမ်းအော်လိုက်သည်။

မင်းမောင်လည်းမိခင်ဖြစ်သူစကားကြောင့်မီးဖိုချောင်ထဲကကြက်သွန်နီအိတ်တစ်အိတ်ကိုကောက်ထမ်းကာမဏ္ဍပ်ထဲသယ်လာခဲ့ပြီးထိုဝိုင်းနားချပေးလိုက်သည်။

ရွာထဲကအပျိုလေးတွေပါးစပ်ဖျားမှာတော့မင်္ဂလာပွဲ၂ခုအကြောင်းကရေပန်းစားနေသည်။

"ဟဲ့ အကိုမင်းမောင်ကလည်းသူ့အိမ်မှာနေတဲ့ဆရာမလေးနဲ့ရသလိုအကိုစစ်နိုင်ဦးကလည်းသူ့အိမ်မှာနေတဲ့ဆရာနဲ့ရတာနော် ဖူးစာကညားဖို့နေရာတန်းချပေးထားတာဖြစ်ရမယ်"

"ဘာပဲပြောပြောအကုန်လိုက်တယ် အကိုမင်းမောင်သာအလုပ်ဝင်လိုက်ရင်မိုက်ပြီ"

သက်ထားလည်းဂျင်းတွေကိုလှီးကာထောင်းနေတုန်းခြံရှေ့လမ်းမကြီးကိုကားတစ်စီးထိုးရပ်လာသည်မို့ကြည့်နေတုန်းသူမကြီးကြီး၂ယောက်ဆင်းလာသည်မို့ထိုနားကိုပြေးသွားခဲ့သည်။

"ကြီးကြီး....."

"ဖြည်းဖြည်းလာပါချော်လဲလို့လူကြားမကောင်းဖြစ်မယ်"

သက်ထားလည်းအကြီးဖြစ်သူရဲ့ရင်ခွင်ထဲဖက်ထားရင်းနဲ့တစ်ရှုံ့ရှုံ့နှင့်ရှိုက်ငိုနေ၏။

"သက်ထားကြီးကြီးတို့ကိုလွမ်းနေတာ...."

"အမလေး ကျွန်မတို့ကလည်းညည်းကိုလွမ်းပါတယ်နော်"

~မောင့်အိမ်သူသက်ထား~Where stories live. Discover now