Part-4

6.7K 118 4
                                    

မောင့်အိမ်သူသက်ထား

Part-4

တစ်ကိုယ်လုံးစိုရွှဲလျက်နှင့်အိမ်ထဲဝင်လာတဲ့သားဖြစ်သူကိုမြင်တာနဲ့ဒေါ်နွယ်တစ်ယောက်သားဖြစ်သူအနားသွားကာ

"သားငယ် တစ်ကိုယ်လုံးစိုလို့တုန်တောင်တုန်နေပြီ သွားအပေါ်မြန်မြန်တက်အဝတ်စားသွားလဲချေ"

မိခင်စကားဆုံးတာနဲ့မင်းမောင်အိမ်ပေါ်ကိုတက်ကာပြေးတော့သည် ။

ချက်ကြီးတို့အဖွဲ့ကိုလည်းမိုးကာတွေပေးလိုက်တော့အိမ်ကိုကိုယ်စီပြန်သွားကြလေသည်ဒေါ်နွယ်စားပွဲဘေးအံဆွဲကိုဆွဲဖွင့်ကာဆေးတွေရှာနေသည်။

"ကိုမင်းခိုင် အဖျားကျဆေးရောမတွေ့တော့ပါလားကုန်သွားတာလား"

"ဟိုတစ်နေ့ကသီတာနေမကောင်းလို့သောက်လိုက်တာကုန်သွားပြီအမေ"

"မဖြစ်သေးပါဘူး သားငယ်အတွက်သွားဝယ်အုန်းမှ"

"အမေရယ်မိုးတွေသည်းနေတာမိုးစဲမှ မြ သွားဝယ်ပေးပါ့မယ်"

"နေပါအေ ကျုပ်ဘာသာသွားဝယ်လိုက်မယ် မြသီ သားငယ်အတွက်စွတ်ပြုတ်ပြင်ပေးထားချေနာ့"

"ဟုတ်ကဲ့အမေ"

တိုင်ပင်ချိတ်ထားတဲ့ထီးကြီးကိုဆွဲကာထဘီကိုဒူးခေါင်းထိတိုတိုဝတ်လိုက်ပြီးမိုးရေကိုဖြတ်ကာရွာထဲကစျေးဆိုင်ဆီထွက်လာခဲ့သည်။

ဦးမင်းခိုင်ဆေးလိပ်ကိုဖွာနေရင်းမိန်းမဖြစ်သူကိုခေါင်းတစ်ရမ်းရမ်းနဲ့သာကြည့်နေလိုက်သည်။

"အန်တီကမိုးတွေသည်းနေတာကိုမိုးစဲမှတော့မသွားဘူး"

"မရဘူးသမီးရေ သူ့သားနဲ့ပတ်သက်လာရင်"

မိုးအေးအေးနဲ့မို့သက်ထားလည်းအပေါ်ထပ်ကအခန်းဆီတက်လာခဲ့သည်ထို့နောက်ကုတင်ပေါ်တက်ကာသူမစောင်အထူကြီးကိုခြုံကာမိုးအေးအေးနဲ့အိပ်ရန်ပြင်လိုက်သည်။

မင်းမောင်အဝတ်စားလဲနေရင်းနှုတ်ခမ်းတွေပါတုန်လာသည်အမြန်လဲပြီးကုတင်ပေါ်ဝုန်းခနဲတက်ပြီးစောင်ခေါင်းမြှီးခြုံကာကွေးတော့သည်။

"ငါ....အလုပ်လုပ်တဲ့နေ့ကြမိုးရွာရလားကွဟမ်း"

မနေ့ညကအဖေသတင်းနားထောင်တော့ဇလဗေဒညွှန်ကြားရေးမှုးပြောပုံအရဆိုပြည်မြို့ကမိုးထစ်ချုန်းရွာမှာဒါကိုမင်းမောင်ကကောက်ကာငင်ကာခြံစည်းရိုးတွေထကာနေလေရဲ့။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now