Part-5

6.2K 112 9
                                    

မောင့်အိမ်သူသက်ထား

Part-5

ညနေကျောင်းဆင်းချိန်ကလေးတွေအတန်းဆင်းမှသာသက်ထားဆွဲခြင်းယူကာအခန်းထဲကနေထွက်လာပြီးကျောင်းသားကျန်မကျန်စစ်ပြီးတာနဲ့အိမ်ပြန်ရန်ကျောင်းခြံစည်းရိုးကိုကျော်စဥ်

"ခဏလေး ဆရာမ..."

စစ်နိုင်ဦးပြန်ဖို့ခြေလှမ်းနေတဲ့ဆရာမလေးကိုလှမ်းကာတားလိုက်ပြီးအနားကိုပြေးသွားလိုက်သည်။

"ဘာဖြစ်လို့လဲဆရာ"

"ဟိုဆရာမလေးပြန်ရင်တစ်ယောက်ထဲမို့ပါ ကျွန်တော်နဲ့တူတူပြန်မယ်လေ ဟိုတစ်မျိုးမထင်ပါနဲ့လမ်းလည်းတူနေတော့"

"ဆရာအိမ်ကဘယ်နားမှာမို့လို့လဲ"

"မင်းမောင်တို့အိမ်နဲ့သုံးလေးအိမ်လောက်ပဲလှမ်းတယ်"

"အော် နီးသားပဲ အဲ့ဆိုလည်းတူတူပြန်ကြတာပေါ့ရှင့်"

သက်ထားလည်း ထိုဆရာနှင့်အတူရွာလမ်းအတိုင်းလျှောက်လာကာအိမ်ပြန်လာခဲ့သည် သက်ထားကနဂိုထဲကစကားနည်းတဲ့သူဖြစ်တာကြောင့်ပြန်လာတဲ့လမ်းတစ်လျှောက်စကားသံတိတ်ဆိတ်နေပြီးအိမ်ရှေ့ရောက်မှသာလမ်းခွဲလိုက်ကြပြီးသက်ထားခြံထဲဝင်လာခဲ့တော့သည် ရုတ်တရက်ရေတွင်းကိုကြည့်လိုက်တော့အုတ်တွေကာပြီးရေချိုးခန်းအလုံတံခါးအဖွင့်အပိတ်တွေနှင့်ပါဖြစ်ကုန်သည်။

"ဟော သက်ထားတောင်ကျောင်းကပြန်လာပြီလည်းဘယ်လိုလည်းပထမဆုံးအဆင်ပြေရဲ့လား"

လက်ထဲသရွင်းပြားအသေးလေးကိုကိုင်ထားပြီးတစ်ဖက်က အုန်းပန်းတစ်ဆုပ်ကိုကိုင်ကာသူမကိုပြုံးပြီးမေးနေတဲ့မမြသီကိုတွေ့ရလေသည်။

"ပြေပါတယ် မမြသီရဲ့ ကလေးတွေကလိမ္မာကြတော့"

"အိမ်ထဲဝင်နားလိုက်အုန်း အစ်မပန်းသွားစိုက်လိုက်အုန်းမယ် နာ့"

"ဟုတ်ကဲ့...."

သက်ထားလည်းမမြသီနဲ့စကားပြောလို့ပြီးသည်နှင့်အိမ်ပေါ်တက်လာခဲ့ကာဖိုင်အိတ်ထဲကဖုန်းကိုဖွင့်ကြည့်လိုက်တော့ ၄နာရီ၁၀မိနစ်ဆိုတာကြောင့်ရေအရင်ချိုးရန်ပြင်လိုက်သည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now