မောင့်အိမ်သူသက်ထား
Part-41
အချိန်တွေတစ်ရွေ့ရွေ့နှင့်ကုန်ခဲ့လေရာခုဆိုသက်ထားရဲ့ကိုယ်ဝန်က၅လစွန်းခဲ့ပြီ။ကလေးအဖေနဲ့အဖိုးအဖွားတွေကတော့သူတို့သွေးသားလေးကိုမြင်ရဖို့နီးလေလေရင်တွေခုန်လေလေတဲ့။ဒီနေ့တန်ခူးလဆန်း၇ရက်နေ့မငယ်ရဲ့မင်္ဂလာဆောင်အစနေ့ဖြစ်သည်။
သူကြီးသမီးရဲ့မင်္ဂလာဆောင်ဖြစ်သည်မို့ရွာသူရွာသားတွေအားလုံးဝိုင်းဝန်းလုပ်ကူဖို့ရောက်ရှိနေကြသည်။နှစ်ဖက်ဆွေမျိုးတွေကလည်းရောက်နေကြပြန်သည်။အမျိုးတောင့်တဲ့သူကြီးတို့ကတော့မင်္ဂလာမဏ္ဍပ်ထဲသူတို့အမျိုးတွေရဲ့အသံကတစ်စာစာပင်။
မင်းမောင်လည်းကားပေါ်က ကြက်သွန်နီ၊ဖြူအိတ်တွေကိုယောက်ဖဖြစ်သူ ဆန်းလင်းထွဋ်နဲ့မဏ္ဍပ်ထဲသယ်ယူနေသည်။လုပ်ကူနေစဥ်စစ်နိုင်ဦးနဲ့ထက်မြတ်နန္ဒတို့ပါရောက်လာသည်။
"ဝယ်ထားတဲ့ပစ္စည်းတွေကလည်းမနည်း ဘာတွေများကျွေးမလို့လဲအစ်ကို"
မင်းမောင်လည်းပစ္စည်းမဖို့ပြင်ရာကနေခါးထောက်လိုက်ကာ
"ဒံပေါက်ရယ်ခေါက်ဆွဲကြော်ရယ်လို့ပြောတာပဲ ဒီနေ့ကဘာကျွေးမလဲမသိပါဘူးကွာ"
သက်ထားနဲ့သော်တာကမဏ္ဍပ်ထဲကဝိုင်းအလွတ်တစ်ခုမှာထိုင်ကာပစ္စည်းတွေရောက်တော့ဂျင်းတွေကိုထမင်းစားပွဲခုံအပုလေးပေါ်တင်လိုက်ကာအခွံ့ခွာနေကြသည်။သော်တာ ဗိုက်ဖုံးအင်္ကျီခရမ်းရောင်လေးကိုဝတ်ထားပြီးသစ်ခွခရမ်းရောင်ပန်ထားတဲ့သူငယ်ချင်းဖြစ်သူကိုကြည့်ရင်းပြုံးမိသည်။ဒီကြားထဲသက်ထားတစ်ယောက်အနည်းငယ်ပြည့်လာသည်။
"ငါမယုံနိုင်ဘူးဟယ် ကြည်ပြာကယောင်္ကျားရသွားတယ်ဆိုတာကို သူတို့လာလည်မှပဲယုံတယ် ပြောမဲ့သာပြောတာသူ့ယောင်္ကျားကလည်းခပ်ချောချောလေးပါ"
သော်တာစကားကြောင့်ဂျင်းခွာနေရင်းသက်ထားလည်းပြုံးကာ
"ငါတို့လည်းအစကအဲ့လိုပဲ ရည်းစားလည်းမရှိဘာလည်းမရှိပေါ့ ခုကြယောင်္ကျားပါတန်းရသွားတော့မယုံနိုင်ပေမဲ့လည်းယုံရတော့မယ်သော်တာရေ"
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Science Fiction"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024