Part-29

8.7K 184 52
                                    

မောင့်အိမ်သူသက်ထား

Part-29

မင်းမောင်လည်းဆေးခန်းထိုင်ဖို့ကိစ္စနှင့်ပြည်ကို၁ပတ်ခန့်သွားနေနေရသည်။အထက်ကစာမကျသေးတာမို့စောင့်နေရခြင်းပင်။ဒီနေ့နဲ့ဆိုမင်းမောင်ပြည်ရောက်လာတာ၃ရက်ရှိနေပြီဖြစ်သည်။

သီတာ နေ့လည်စာထမင်းစားနေရင်းမျက်နှာမကောင်းတဲ့မောင်ဖြစ်သူကြောင့်ကဲကြည့်ရင်း

"အငယ်ကောင် ဘာဖြစ်လို့လဲ မငယ်ချက်တာမကောင်းလို့လား မငယ်အသစ်ပြန်ချက်ပေးရမလားဘာစားချင်လဲ..."

"မဟုတ်ပါဘူးဗျာ..."

"အဲ့ဆိုဘာ​ဖြစ်လို့လဲ မျက်နှာလည်းမရွှင်မလန်း ရောက်ထဲကတစ်မှိုင်မှိုင်တစ်ထွေထွေနဲ့ အရင်ကလည်းပြည်မှာကျောင်းတက်ရင်းနေနေတာဥစ္စာ..."

မင်းမောင်လည်းရေထည့်ထားတဲ့ဖန်ခွက်ကိုအသက်မဲ့စွာကြည့်နေရင်း

"ကျုပ်ရင်ထဲမွန်းကျပ်ပြီးခလုခလုနဲ့..."

မြသီလည်းမောင်ဖြစ်သူစကားကြောင့်ရင်ဘတ်ကိုထိလိုက်ရင်း

"ဘာများဖြစ်သလဲ...."

"ကျုပ်မိန်းမကိုလွမ်းလို့ လွမ်းနေပြီ တော်တော်ကိုလွမ်းနေပြီ..."

"ဘာရယ်!!

မောင်​ဖြစ်သူစကားကြောင့်အစ်မနှစ်ယောက်ဟာမျက်လုံးပြူးကြီးတွေနှင့်ပြန်မေးလာရသည်။

"စာကလည်းမကျသေးဘူးလားမသိဘူးဗျာ..."

"အော် မရတော့ဘူးမမကြီး မမကြီးမောင်ဆေးမမှီတော့ဘူး..."

မင်းမောင်လည်းဆိုင်ကအိပ်ခန်း၂ခန်းပါတာကြောင့်သူရောက်လာချိန်တစ်ခန်းသုံးပြီးအစ်မနှစ်ယောက်ကတစ်ခန်းသုံးသည်။သူ့အခန်းထဲဝင်လာပြီးကုတင်ပေါ်ပစ်လှဲကာဖုန်းထုတ်လိုက်ပြီး Wallpaper မှာပေါ်လာတဲ့မိန်းမဖြစ်သူရဲ့နှုတ်ခမ်းထော်နေတဲ့ပုံလေးကိုတစ်ချက်နမ်းကာ

"မောင် လွမ်းလှပြီမိန်းမရာ...."

သူမဖုန်းနံပါတ်ကိုနှိပ်ကာခေါ်လိုက်သည်။

တီး....တီး....တီး..

သက်ထား သော်တာတို့နှင့်အတူထမင်းစားနေတုန်းဖုန်းလာလို့ကြည့်လိုက်တော့မောင့်ဆီကဖုန်းမို့ပြုံးကာကိုင်လိုက်သည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now