မောင့်အိမ်သူသက်ထား
Part-8
ဝါဆိုပန်းကပ်ပြီးနောက်ကျောင်းပေါ်မှာသာဝိုင်စဖွဲ့ကာထိုင်နေတုန်းကိုရင်လေးနှစ်ပါးမှမုန့်ဗန်းတစ်ဗန်းနဲ့ကော်ဖီခွက်တစ်ဗန်းကိုသူတို့ရှိရာသယ်ဆောင်လာပြီးအနားမှာချပေးလေသည်။
"ဘုန်းဘုန်းကလာပို့ခိုင်းလိုက်လို့ဒကာတို့ဒကာမတို့"
"အားနာစရာကြီးကိုရင်ရယ် စားလိုက်ပါ့မယ်နော်"
မင်းမောင်ဆရာမလေးကချောကလက်ကြိုက်တာကြောင့်သူ့မုန့်ထုပ်ကချောကလက်အနှစ်တွေပါတာကြောင့်ယူလိုက်ပြီးဆရာမလေးကော်ဖီခွက်ပေါ်တင်ပေးလိုက်သည်။
သီတာစကားကြောင့်တစ်ဖွဲ့လုံးရယ်မိသလိုကိုရင်လေးနှစ်ပါးကလည်းရယ်ပြီးထွက်သွားလေရဲ့။
သက်ထားမုန့်ထုပ်လာတင်တဲ့မင်းမောင်ကိုဆက်ကနဲမော့ကြည့်လိုက်မိသည်။"ဘာဖြစ်လို့လဲ မင်းမောင်"
"ဆရာမလေးစားရအောင်ချောကလက်တွေအများကြီးပါလို့"
"မလိုပါဘူးငါ့မုန့်ရှိတယ်ပြန်ယူ"
"စားမှာသာစားပါဗျာကျုပ်ကစေတနာနဲ့ပေးတာကို"
သက်ထားလည်းစကားမပြောချင်တာကြောင့်ဆက်မပြောတော့ပဲကော်ဖီကိုသာသောက်နေလိုက်ပြီးဘုန်းကြီးကျောင်းကိုအကဲခတ်ကာလိုက်ကြည့်နေသည်။
မင်းမောင်လည်းကော်ဖီသောက်နေရင်းအစ်မတွေပြောနေသည့်စကားတွေကိုနားထောင်နေသည်။
"ရွှေမိလေးယောင်္ကျားယူသွားပြီတဲ့ မမကြီး"
သီတာစကားကြောင့်မြသီရင်ဘတ်လေးကိုဖိကာ
"ရွှေမိလေးကမယ်တကာရှိမှ၁၆၊၁၇လေးလေ"
"အင်းလေ ခုယူသွားပြီ ဝါမဝင်ခင်ခိုးရာလိုက်သွားတယ်တဲ့"
မင်းမောင်လည်းအစ်မတွေစကားကြောင့်မျက်ခုံးတစ်ဖက်ပင့်ကာ
"ရွှေမိဆိုတာ ဘကြီးအောင်မိုင်ရဲ့သမီးအငယ်မမဟုတ်လား"
"အေးလေ ခုအဲ့ကောင်မလေးပေါ့လင်နောက်လိုက်သွားတာတဲ့အငယ်ကောင်ရဲ့"
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Science Fiction"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024