မောင့်အိမ်သူသက်ထား
Part-35
ခရီးဦးဆိုက်တစ်ရက်နားပြီးသည့်အခါ ပဲခူးမြို့ရဲ့အထင်ကရ ရွှေမော်ဓောစေတီကြီးကိုသွားခဲ့ကြသည်။ဘုရားစောင်းတန်းမှာသစ်ခွပန်းတွေတွေ့တာကြောင့်သစ်ခွပန်းကြိုက်တဲ့သူ့ရဲ့မဗိုက်လေးက ဝယ်ပြီးဘုရားကိုလှူချင်တယ်ဆိုတာကြောင့်ဝယ်ခဲ့သည်။ဘုရားရင်ပြင်တော်ပေါ်ရောက်ပြီးဘုရားရှိခိုးနေတုန်း
"အာ့..."
"ဟင် ဘာဖြစ်လို့လဲ..."
"သက်ထား ခေါင်းတွေမူးလာလို့မောင်"
"ဟင် ခဏလေးနော်မောင်ရှူဆေးဖြစ်ဖြစ်၊သံပုရာသီးဖြစ်ဖြစ်သွားဝယ်လိုက်မယ်"
မင်းမောင်လည်းဘုရားဦးချပြီးစောင်းတန်းဘက်ကိုသုတ်ချီတင်ပြေးလာခဲ့သည်။စောင်းတန်းထဲဆင်းတုန်းပစ္စည်းစုံတိုလီမိုလီရောင်းတဲ့ကလေးငယ်ကိုတွေ့လိုက်ရသည်။
"အကိုကြီးအားပေးပါအုန်းဗျ..."
"အေ အကိုကြီး ကိုသံပုရာသီးနှစ်လုံးနဲ့ရှူဆေး ရှူဆေးရောပါလားကောင်လေး"
"ပါပါတယ်ဗျ"
"အေးကွာအဲ့ဆို သံပုရာသီးနှစ်လုံးရယ်၊ရှူဆေးဘူးရယ်ပေး"
ထိုခါကောင်လေးကကြွပ်ကြွပ်အိတ်ထဲသံပုရာသီးနှစ်လုံးထည့်ကာရှူဆေးဘူးပါထည့်ပေးလာသည်။၂၀၀၀ပေးခဲ့ပြီး မိန်းမဖြစ်သူရှိရာဘုရားရင်ပြင်တော်ပေါ်ဆီပြန်လာခဲ့သည်။သူနေခိုင်းခဲ့တဲ့နေရာလေးမှာကျုံ့ကျုံ့လေးထိုင်နေတာကိုကြည့်ပြီးသနားဂရုဏာပိုမိသည်။
"မိန်းမ မောင်ဝယ်လာခဲ့ပြီ ရှူဆေးဘူးလေးအရင်ရှူလိုက်နော်"
"ဟုတ်ကဲ့မောင်"
သက်ထားလည်းမောင့်လက်ထဲကဆေးဘူးလေးကိုယူကာရှူလိုက်သည်။အတော်ကြာမှသာခေါင်းထဲအမူးပြေသွားသည်။
"သက်သာရဲ့လားဟင် ဘယ်လိုနေသေးလဲ မသက်သာရင်မောင်တို့ဆေးခန်းသွားမလား"
"ရပါတယ် သက်ထားသက်သာပါပြီ "
ထို့နောက်ဘုရားရင်ပြင်တော်ကျယ်ကြီးကိုနှစ်ယောက်သားလက်ချင်းချိတ်ကာပတ်သွားသည်။သက်ထားကမောင့်နေ့ ဖြစ်တဲ့ကြာသပတေးနေ့မှာဘုရားရေသပ္ပါယ်နေသည်။လက်အုပ်လေးချီကာ
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Science Fiction"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024