သူ့ထံသို့အပ်နှင်ထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း....Intro
“ကိုကိုလို့ခေါ်ရမယ် ပြောထားတယ်လေ”
“ကိုကိုလို့ခေါ်ရင် ငါ နင့်ထက်ငယ်သွားတဲ့သဘောဖြစ်သွားမှာလေ.... ငါက နင်နဲ့ရွယ်တူပဲလုပ်မယ် အငယ်မလုပ်နိုင်ဘူး.... ဟုတ်ပြီလား.... ဒါနဲ့လေ....”
“အင်း ပြော”
“ နင့်ဆီက ချော့ကလက်မကျွေးတော့ဘူးလားဟင်... ငါစိတ်မဆိုးတော့ဘူးလေ စိတ်ဆိုးပြေသွားပြီလေနော်”
“စားချင်ရင် အခန်းထဲလာခဲ့”
“ငါ့သပိတ်က ငါ့အပေါ်စိတ်ကောင်းရှိမှန်းသိတာပေါ့... ဟင်းဟင်း”
“ငါလုပ်မိတော့မယ်....ထုပစ်ရင်လဲ နာနေအုံးမယ်.... မင်းထက်ကြီးတယ်လို့ ကလေးမရဲ့.... အခေါ်အဝေါ်တွေ ပြန်ပြင်စမ်း”
“အိုပါးကလဲ အဟိဟီး...”
🍫 🍫 🍫 🍫 🍫 🍫 🍫 🍫 🍫 🍫 🍫
“ယောက်ျားလေးရှိတဲ့ဘက်ကို ဘာလာလုပ်တာလဲ... မင်းလေ စာမလုပ်အတန်းပြေး၊ မုန့်ခိုးစားရတာနဲ့ တော်တော်ပျော်နေတယ်ဟုတ်လား”
“အောင်မာ ငါ့ကိုလာပြောနေသေးတယ် နင်ကျ ဆေးလိပ်ခိုးသောက်နေတာလား”
“ဟမ်...”
“ဘယ်အချိန်ကတည်းကလဲ....”
သပိတ်ကမဖြေ။ လည်ပင်းကိုသာ အကြောင်းမဲ့ဖိပွတ်နေကာ မျက်နှာကနံရံကိုမူထားသည်။ အပြစ်သားလေးက မျက်နှာတော့ ငယ်မနေအောင် ဝောာ်တော်လေးမူထားရသည်။ နို့မဟုတ် အထူးတို့ကကြောက်ရင် ပိုဖြဲခြောက်တတ်သည်မလား။
“ဖေဖေ့ကို မတိုင်ပါနဲ့...”
“တိုင်မှာ..... အသက်က လက်တောက်လောက်ပဲရှိသေး မကောင်းတဲ့ဟာကိုခိုးလုပ်တတ်နေပြီ ကြည့်စမ်း... စာတော်တယ် အားကစားတော်တယ်ဆိုပြီး တစ်ကျောင်းလုံးရဲ့အချီးကျူးခံရတဲ့နင်က ယောက်ျားလေးအိမ်သာနောက်မှာ..... အောင်မယ်လေး နင်က.... နင်က ... မရဘူး ငါတိုင်မှဖြစ်မှာ”
“ဟိတ် အထူး... နေအုံး”
“နင် ဘာလိုချင်လဲ.... Big Bangခွေဝယ်ဖို့ ပိုက်ဆံစုနေတယ်မဟုတ်လား.... ငါပေးမယ်”
YOU ARE READING
သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...
Romanceကိုကိုနဲ့ ညီမလေး ဇာတ်လမ်း