PART 7

6.7K 209 112
                                    


      PART 7

   

   ယနေ့သည် ခရီးသွားရမည့်မို့ အထူးတို့သည်တည်ကြည်တို့အိမ်ကို စောစောရောက်နေကြသည်။

  မော်နီတာတို့က တော်တော်ချမ်းသာတာပဲ။ အိမ်ကြီးက ကိန်းခမ်းနားပြီး ဟီးဟိန်းထနေတာပဲ။ အထူးတို့အိမ်ရဲ့နှစ်ပြန်စာမကရှိမလားပဲ။ သုံးထပ်တောင်ဆိုတော့....

   ချစ်သည်းတို့အိမ်ဘက်ကျ ခြံချင်းကပ်ရပ်ဆိုသော်လည်း အိမ်အနေအထားက အရမ်းကိုကွာခြားလွန်းသည်ဟု ပြောရမည်။

  တစ်ထပ်တိုက်ပုအိမ်လေးနဲ့ ချစ်သည်းက သူ့မေမေနဲ့ နှစ်ယောက်ထဲနေတာတဲ့.....

  အထူးကျတော့ ဖေဖေနဲ့၊ ချစ်သည်းနဲ့အထူးက မိသားစုတစ်ခုမှာ မိသားစုဝင်တစ်ဦးဆုံးရှုံးရခြင်းက အတူတူပဲဆိုတာကို အခုမှသိလာရသည်။

  ကား‌ပေါ်မတက်ခင်မှာ နှစ်ယောက်တစ်တွဲနဲ့ ထိုင်ရမည်ဆိုတာနဲ့ မော်နီတာက မတရားစွာ နေရာခွဲပေးလိုက်သည်။

သူက ချစ်သည်းနဲ့တဲ့။

  နှင်းနှင်းနဲ့ အချယ်ကတစ်တွဲ၊ အထူးကိုကျ ခေတ်နေ့ဆက်နဲ့တဲ့၊  ပန်းဧကရာဇ်နဲကျသပိတ်နဲ့....

အထူးက ပန်းဧကရာဇ်နဲ့မှမခေါ်ချင်တာကို...

“လူစုကွဲလို့မရဘူးနော် ကြားလား... ကိုယ့်ဘေးကလူနဲ့လက်တွဲမပြတ်ကြနဲ့... တစ်ခုခုဖြစ်လာရင် ဆရာ့ကိုပြော... ကဲ့ ကားထွက်မယ်”

“ ရေး.... ဟေး”

   Sisterhoodသုံးယောက်က အတူတူထိုင်ချင်ပါတယ်ဆိုမှ သို့သော်လည်းကိစ္စမရှိ အထူးတို့က တစ်ကားထဲပဲက....
 
  အထူးရဲ့နောက်မှာက သပိတ်နဲ့ ပန်းဧကရာဇ်နဲ့ သူတို့ကပ်ရပ်ကထိုင်ရတဲ့လူက မော်နီတာ တည်ကြည်နဲ့ ချစ်သည်း....

  မြို့အထွက်လေးနေရာကနေ မြင်နေရသော လယ်ကွင်းရှူခင်းတို့က မျက်စိပဒေသာအေးမြဖွယ်....

   အထူးသည် ထောင့်မှာနေရာရသဖြင့် သဘာဝရှူခင်း၊ မြင်ကွင်းတို့ကိုနှစ်သက်သူမို့ ကားမှန်ကထောင့်လေးမှာတံထောင်ဆစ်ထောင့်၍ မေးတင်ကာ ခံစားကြည့်ရှူနေခိုက်  နှင်းနှင်းနဲ့ အချယ်ဆိုတဲ့စာကလေးသိုက်လို အသံ‌တို့ကဆူညံနေလျက်...

သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...Where stories live. Discover now