PART 45သပိတ်သည် နေဓူဝံကို တစ်ချက်သာစိုက်ကြည့်ပြီး သူကိုယ်ပေါ်ရောက်နေသော တော်ဝင်လေးကို ပွေ့ယူလိုက်ကာ...
“မင်း ဒီကိုဘာလာလုပ်တာလဲ”
“အင်း... မီတင်လာတက်တာ။ ဘာလို့ဟိုတယ်မှာမနေလဲ နေမကောင်းတဲ့ကလေးကိုတစ်ယောက်ထဲပစ်ထားခဲ့တာ မင်းမဟုတ်သေးဘူးနော် သပိတ်"
“ဒါငါ့သောက်ကိစ္စ မင်းအပူ တစ်ပြားတစ်ကျပ်မှမပါဘူး နေနေ...”
“မင်း ဘယ်လိုပြောလိုက်တာလဲ”
“ မင်းနားကောင်းရင်ကြားတဲ့အတိုင်းပဲငါပြောတာ တော်ဝင်ကိုငါဘယ်လိုထားထား မင်းနဲ့မဆိုင်ဘူး၊ ဦးလေးဆို ဦးလေးနေရာမှာပဲနေနေ၊ မနေချင်ရင် အဖေနေရာအဖြစ် သတ္တိရှိရှိနဲ့ ကိုယ့်ကိစ္စကိုယ်ထွက်ရှင်းလိုက်ကွာ ”
ဟင်...
သပိတ်က တော်ဝင်လေးကို ငုံ့ကြည့်ရင်းဆိုတော့ နေဓူဝံ ချက်ချင်း ဆွံ့အသွားသည်။
တရားခံဘယ်သူလဲသိပြီးထဲက သူ နေဓူဝံနှင့်စကားပြောချင်နေစိတ် တအားများနေခဲ့သည်။ သို့ပေမဲ့ သားတော်ဝင်လေးနှင့်ပန်းဧကရာဇ်တို့ ရှိနေသဖြင့် သူအတတ်နိုင်ဆုံး မပြောမိအောင် ထိန်းချုပ်နေရသည်။
“မင်း.... ငါ...”
“ တိတ်... ဒီမှာမရှင်းနဲ့ သခင်စံအိမ်ကိုပြန်ပြီး အားလုံးရှေ့မှာမင်းထွက်ရှင်း... မင်းရှင်းပြီးရင် ငါလည်းရှင်းရအုံးမယ်...။ နေပါအုံး သခင်စံအိမ်မှာ ဧလေး ဒီတစ်လျှောက်လုံးရှိနေတာကို မင်းဘယ်လိုများ ပါးစပ်ပိတ်နေနိုင်လဲ နေနေ... နေအုံးမဖြေနဲ့အုံး၊ မင်းဘာသာ ဖွားရော သူရော သူ့မယ်မယ်နဲ့ရော ထိပ်တိုက်ရှင်းကြတော့မှ မင်းဆက်ပြောတော့.. ငါတော့သူ့ကို အရိပ်အမြွတ်နည်းနည်း အသိပေးထားမယ် ဒါကရှော့အကြီးကြီးပဲနေနေ... မင်းဒီညဒီမှာအိပ်ဖို့မစဉ်းစားနဲ့ ပြန်တော့”
တော်ဝင်ရဲ့ဦးဦးအဖြစ်နှင့် သူတစ်ညသိပ်ဖို့တောင် အတွေးမရှိ။
“နေနေ မင်းက မိန်းကလေးတစ်ယောက်ကိုလူတစ်ယောက်လိုပြုမှုခဲ့တာမဟုတ်ဘူး၊ မုဒိမ်းမှုကိုကျူးလွန်ခဲ့တာ မင်းသိလား”
YOU ARE READING
သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...
Romanceကိုကိုနဲ့ ညီမလေး ဇာတ်လမ်း