PART 11
သပိတ်မရှိတော့သော သူ့အခန်းကို အစတစ်ပတ်လောက်မှာတော့အထူးသွားသွားပြီး အိပ်တတ်သည်။ အခန်းထဲဝင်တိုင်း သပိတ်မရှိနေတာကိုနေသားမကျနေတော့ သွက်လက်သည့်အထူးဟာ ငေးငေးမှိုင်မှိုင်ဖြစ်နေ၍ တီဆောင်းက မပျင်းရလေအောင် အပြင်သင်တန်းတစ်ခုခုတက်ဟု အကြံပေးလာသည်။ ထိုနှင့် အထူးသည် အင်္ဂလိပ်စာသင်တန်းတစ်ခုကိုအပ်လိုက်ပြီး နှင်းနှင်းတို့ကိုအဖော်ခေါ်၍တက်ဖြစ်သွားသည်။
သပိတ်နဲ့တော့ အစကနေ့တိုင်းလိုလို ဖုန်းပြောဖြစ်တယ်ဆိုပေမဲ့ တစ်ခါတလေ သပိတ်ကဖုန်းမကိုင်ဖြစ်တာ၊ အထူးကလည်းသူငယ်ချင်းတွေနဲ့အပြင်ထွက်လိုက်နဲ့ အဆက်အသွယ်က အနည်းငယ်စိမ်းလာသည်။ သူကတော့ အထူး၏နေ့စဉ်တစ်နေ့တာ ဘာလုပ်တယ်၊ ဘယ်သွားတယ်ကိုမေးမြန်းပြီး စပ်စုတတ်သော်လည်း သူ့အကြောင်းတော့ အထူးလိုအသေးစိတ်မပြောပေး...
ဒီနေ့ဘယ်သွားလဲမေးရင် အသိနဲ့သွားတွေ့တယ်၊ ဘာလုပ်နေလဲမေးရင် ဘာမလုပ်ဘူး၊ ထွေထွေထူးထူးမရှိဘူးဆိုပြီး ဒီလိုနဲ့ ပြီးသွားတတ်သည်။ ပြန်လာလျှင် အံ့ဩစရာတစ်ခုပြမယ်လို့တော့ ပြောသွားတာပဲ။ အမြွှာရှိတယ်လို့များ စပရိုက်လုပ်မလို့လားဟု ကြံကြံဖန်ဖန်တွေးမိသေးသည်။ ဖေဖေ့ကို ပြန်မေးတော့ မရှိပါဘူးတဲ့....
အထူးသည် ဒီနေ့ သင်တန်းပိတ်ရက်နဲ့ ကြုံရတဲ့နေ့ရယ်၊ ဖေဖေအိမ်မှာရှိတာရယ်၊ တီဆောင်းကလည်းရုံးပိတ်ရက်နဲ့မိသားစုဆုံတုန်း အိမ်မှာ မုန့်ဟင်းခါးလုပ်စားဖြစ်ကြသည်။ Sisterhoodသုံးယောက်ပါ ဆုံဖြစ်ကြသည်။
"ကလေးမတွေ စားလို့ရပြီ"
ဧည့်ခန်းကဆိုဖာပေါ် မှောက်သူကမှောက်၊ ဖုန်းသုံးသူကသုံးနဲ့ ဖရိုဖရဲဖြစ်နေသောအထူးတို့သုံးယောက်ကို မီးဖိုချောင်းကနေတီဆောင်းရဲ့ အသံကိုကြားလိုက်ရ၍ အစားအသောက်ဆိုတာနဲ့ ဝုန်းခနဲ့ ခလုတ်တိုက်မတတ်ခုန်ဆင်းပြေးသွားကြသည်။
"ဝါး ရှယ်ပဲ.... အချယ်ကြိုက်တဲ့ငှက်ပျောအူတိုင်တွေ အများကြီးပါအောင်ချက်ပေးထားတာပဲ အထူးတို့တီဆောင်းကိုမချစ်ဘဲကိုမနေနိုင်တာ စိတ်ထားလည်းလှ၊ လူလည်းလှ ထမင်းဟင်းကလည်းချက်တာ ဆီဒိုနားကစားဖိုမှူးအတိုင်းပဲ... ပြီးတော့တီဆောင်းကိုကြည့်တိုင်းအချိန်တိုင်း လှနေတာပဲနော်..."
YOU ARE READING
သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...
Romanceကိုကိုနဲ့ ညီမလေး ဇာတ်လမ်း