PART 8

5.7K 200 119
                                    

  PART 8

  အိပ်ရာ စောစောထတတ်သည့်အကျင့်က အားလုံးကိုယ်စီမှာရှိနေသောကြောင့်  မည့်သူကိုမှနှိုးစရာမလိုဘဲ စောစောထကြသည်။ မျက်နှာသစ်၊ သွားတိုက်ရေချိုးပြီး အရုဏ်ဦးအချန်၌လည်း ဘုရားတစ်ခေါက်သွားဖူးဖြစ်ကြသေးသည်။

    အထူးမှာဖုန်းမပါလာပေမဲ့ သပိတ်မှာပါလာတော့ သပိတ်ရဲ့ဖုန်းနဲ့အထူးက ကောင်းစားနေ၏။ နေထွက်စ အလင်းရောင်နဲ့ ဘုရားပေါ်တွင် ပိုစ့်အမျိုးမျိုးပေးကာ ဓါတ်ပုံတွေ တစ်ပုံပြီးတစ်ပုံရိုက်နေဆဲ...
နေလည်း အတော်ပူလာပြီး....

   ရေတံခွန်ဘက်သို့သွားရမည့်အခါမှာတော့ မြန်မာဝတ်စုံကိုချွတ်ပြီး တောလမ်းနှင့်အပူဒဏ်ခံနိုင်အောင်ပေါ့ပါးသောဝတ်စုံတို့ကို တစ်ခေါက်ပြန်လဲရသေး၏။

   သပိတ်က အဖြူရောင် ကျိုက်ထီးရိုးအမှတ်တရအင်္ကျီလက်ရှည်ကို ဒူးပြဲဂျင်းအနက်နှင့် ဦးထုပ်ကိုလည်း နောက်ပြန်ဆောင်းထား၏။ အခုတလော ဒူးပြဲဘောင်းဘီက trandဖြစ်နေတာမို့ သူတို့လည်း ခေတ်နဲ့အညီဝတ်လိုက်ကြတာပါပဲ။

   ရေကူးရန်အတွက် အဝတ်အစားကို အထူး၏လွယ်အိတ်ထဲကို ပေါင်းထည့်ထားပြီး သူတစ်လှည့်အထူးတစ်လှည့် လွယ်ဖို့ညှိထားကြသည်။ သို့သော် ရေတံခွန်အထိကို သူပဲလွယ်လိုက်ရပါသည်။

  တည်ကြည်လည်းထိုနည်းတူစွာ အဖြူရောင်လက်တိုအမှတ်တရအင်္ကျီကို ဒူးပြဲဘောင်းဘီနှင့် ချစ်သည်းကတော့ မှိုတက်ရောင်ဂျင်းဘောင်းဘီနှင့်....

   ဒီနေ့တော့ ချစ်သည်းနဲ့ အင်္ကျီcoupleဖြစ်နေတာပဲ ဒီကောင်က....

    အထူးအတွက်ကို သူဝယ်ထားပေးသောအတိုင်း သူနဲ့အပေါ်အောက်ဆင်တူဝတ်ထားပေမဲ့ ဦးထုပ်တော့မဆောင်းထား။ ဒီကောင်မလေးက ပူမှာမသိဘူးလားမသိ။ သူမှ မစိုးရိမ်ပေးရင် ဒီကောင်မလေးတော့သူ့ကိုယ်သူ ဂရုစိုက်နေမှာမဟုတ်ဘူး။

   အားလုံးက အမှတ်တရအင်္ကျီနဲ့ ဖြစ်နေကြတာမို့ အထူးအဆန်းလို့ကို မခံစားနေရ.....

   သူ့အနားကိုရောက်လာသော ဧလေးကို တစ်ချက်ပြုံးပြလိုက်ပေမဲ့ မယ်မင်းမလေးက စိတ်ဆိုးနေသေးသည်ထင် လုံးဝပြန်မရယ်ပြ....

သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...Where stories live. Discover now