PART 1 (Uni code/ Zawgi)

12.5K 283 81
                                    


PART 1 🖤

ဖေဖေပြန်လာမည့်နေ့မှာ ထူးခြားစွာပင် ကောင်းကင်ကြီးက အရောင်ပြာပြာလေးနဲ့တိမ်စိုင်တိမ်လိပ် အပိုင်းအစတို့ကင်းစင်နေပြီး ကြည်လင်တောက်ပနေပုံက ခြစ်ရာလေးတစ်ခုတောင်မရှိသလို ပြီးပြည့်စုံနေသည်။

ထိုကောင်းကင်ပြာပြာကြီး၏အောက်ရှိ ခြံဝန်းတစ်ခုတွင် ပန်းရောင်ဂါဝန်လေးနဲ့ကလေးမလေးတစ်ယောက်သည် ဘာဘီအရုပ်မလေးနဲ့အတူ ဒါန်းစီး၍ဆော့ကစားနေသည်။

ကလေးမလေးဆော့နေစဉ် ခြံရှေ့သို့ကားတစ်စီးသည် ထိုးရပ်လာသည်။

ကားဆီမှ ဟွန်းတီးသံကိုကြားလျှင် အထူးသည် ဖေဖေရဲ့ကားမှန်းသိလိုက်တာနဲ့ အိမ်ထဲမှာရှိနေသာတီဆောင်းကို တံခါးဖွင့်ရန်အတွက် လှမ်းအော်ခေါ်ရ၏။ ပြီးနောက် ဒါန်းပေါ်ကနေ အပြေးဆင်းသွားတော့၏။

"ရေး တီဆောင်းရေ ဖေဖေပြန်လာပြီ ဟေး"

ဟင်...

ခြံထဲ‌သို့ ဘီးလှိမ့်ဝင်လာသောကားကိုမြင်ပြီး ကခုန်ပေါက်နေစဉ် ဖေဖေ့အပြင် သူစိမ်းတစ်ဦးပါရှိနေသည်။ ဤမြင်ကွင်းကို အထူး ဘာဘီအရုပ်ကမလေးကို ရင်ခွင်မှာပိုက်ထားရင်းနဲ့ မျက်ဝန်းဝိုင်းဝိုင်းနဲ့မော့ကြည့်ရှာသည်။

ကောင်လေးတစ်ယောက်.....ဘယ်သူလဲ။

🖤 . 🖤 . 🖤 . 🖤 . 🖤 . 🖤

ဧည်ခန်းထဲ၌ စကားထိုင်ပြောနေသောအသံနှင့်ပုံရိပ်နှစ်ခုတို့ကို အထူးသည် ဧည့်ခန်းတံခါးဘောင်ကို လက်တစ်ဖက်နဲ့ဆုပ်ကိုင်ပြီး ခိုးကြည့်ရင်း မျက်လုံးပြူးဝိုင်းထားရကာ ဘာတွေပြောနေသလဲဆိုတာကို သိချင်စိတ်ဇောအပြည့်နားစွင့်ထားပြီး ချောင်းနားထောင်နေမိသည်။

ဖေဖေက ကျောပိုးအိတ်လွယ်ထားရသော ထိုသေးသေးလေးနှင့်ကောင်လေးတစ်ယောက်အား လူကြီးတစ်ယောက်ကို စကားပြောနေသလိုမျိုးနဲ့ပြောနေတာကြောင့် အထူးစိတ်ဝင်စားမိသွားတာမဆန်း....

သို့သော် ထူးဆန်းနေတာက ထိုကောင်လေးပါပဲ။

လူကြီးလည်းမဟုတ်ပါဘဲ စကားပြောလျှင် အဘယ့်ကြောင့် လူကြီးလိုပဲတည်တည်ငြိမ်ငြိမ်‌လေးနဲ့ ပြုမှုနေတာဘာလိမ့်။

သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...Where stories live. Discover now