PART 41
လေးလံနေသောမျက်ခွံကို အတင်းဖွင့်လိုက်သောအခါ အလင်းရောင်စူးစူးကို ထိတွေ့လိုက်၍ မျက်လုံးစူးသွားကာ လက်ဖြင့်ကာလိုက်ရင်း အထူးနိုးထလာသည်။ အထူး ဘယ်နေရာရောက်နေသလဲ။ သူရော...
“အထူး အထူး... နင်အဆင်ပြေလား”
ဟင်...
အထူးမျက်လုံးဖွင့်လိုက်တည်းက မြင်လိုက်ရသောမြင်ကွင်းတို့သည်...
ဒုက္ခပဲ ဒီဆိုင်မှာရှိနေတုန်းပဲလား။ ချစ်သည်းနဲ့ဉာဏ်က အထူးကို ပြုစုပေးနေလျှင် သားရော ဘယ်မှာလဲ...
“အာပုကျိရော”
အထူးသည် သားကိုစိုးရိမ်သွား၍ ချစ်သည်းကို အလျင်စလိုမေးလျှင် မေးဆက်ပြသည့်နေရာကိုကြည့်လိုက်သောအခါ သူ့အမေဆီလာမှာဆိုးလို့ လက်နှစ်ဖက်ဆန့်တန်းထားလျက်နှင့် သပိတ်အရှေ့မှာ ထီးထီးမားမားကြီးရပ်နေပြီး အသက်ရှုသံပြင်းပြင်းနဲ့ မျက်မှောင်ကုတ်ထားဆဲ....
သပိတ်မျက်နှာမှာပြုံးနေသော်လည်း မျက်ရည်တို့နှင့်ရှိနေတာကိုမြင်တော့ အထူးရင်ထဲ ဆစ်ခနဲ နာကျင် ကြေကွဲရသည်။
သားကို သူနဲ့တကယ်မတွေ့စေချင်တာပါ။ သူ့မှာ သူ့မိသားစုလည်း သက်သက်ရှိနေပြီ။ သားကိုလည်းမလိုအပ်နေတော့ဘူးလေ...
အထူးနိုးလာသည်ကိုမြင်လိုက်ပေမဲ့ အရှေ့၌ကာဆီး နေသည့်ဟီးရိုးကြီးက သူ့ကို ရန်သူသဖွယ်ခံတပ်လို ကာရပ်ထားသဖြင့် အထူးဆီမသွားဖြစ်တော့ဘဲ ဒီကနေပဲ ကြည့်လိုက်ရသည်။ အထူး နိုးလာပြီမို့ သူစိတ်လျှော့သွားလိုက်ရသည်။
အာပုကျိတဲ့...
ကြိမ်းသေတာပေါ့ သူနဲ့အထူးရဲ့သားပဲဆိုတာ။ ရုပ်ကလေးက သူငယ်ငယ်တုန်းကနဲ့ ချွတ်စွပ်လည်းတူနေသည့်ဟီးရိုးလေး...
အဖေမရှိဘဲ အမေတစ်ယောက်ထဲနှင့် ကြီးပြင်းလာခဲ့ရတာကိုပြန်တွေးမိတော့ လူတစ်ကိုယ်လုံးက မနာရသောနေရာမရှိအောင် စိတ်ထိခိုက်နာကျင်သွားရသည်။
အထူးနှင့်သားကိုကြည့်ပြီး သနားသွားရလွန်းလို့ သပိတ်သည် သူ့ကိုယ်သူ စိတ်ရှိလက်ရှိ အော်ဟစ်ပစ်လိုက်ချင်သည်။ အချိန်တွေဒီလောက်ကြာသွားသည့်အထိ သူဘာကြောင့်မရှာနိုင်ခဲ့သည်လဲ။ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်နေမိသည်။
YOU ARE READING
သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...
Romanceကိုကိုနဲ့ ညီမလေး ဇာတ်လမ်း