PART 23

5.9K 201 70
                                    


Part 23

တီ တီ...

အိမ်ရှေ့တွင် တည်ကြည်ခံ့အိမ် ကားဟွန်းတီးသံကြောင့် အထူးသည် ခြံတံခါးကို အမြန်ပြေးဖွင့်ရတော့၏။ ဒီကနေ့ ကျောင်းပိတ်ရက်တွင် အထူးတို့အိမ်ကို လာလည်မည်ဟု ပြောထားသည်။

ကားထဲမှာ ချစ်သည်းကိုမတွေ့ရ၍ မေးလိုက်သည်...

"အသည်းရော.."

"သူစာသွားသင်နေတယ် ငါကြိုပြောထားရက်နဲ့..."

"ရပါတယ်ဟာ... ငါတို့က အားနေ လေပေါဖို့ပဲသိတဲ့ဟာတွေက သူလို အချိန်ပြည့် ကြိုးစားနေတဲ့လူကို နားလည်ပေးရမှာပေါ့"

အထူးသည် အတည့်ကို ပန်းခြံထဲသို့ ဆွဲခေါ်လာရင်း ဆရာဝင်လုပ်၏။

နေ့လယ်နေ့ခင်းအချိန် နေကလည်းပူတောက်ကျဲနေတာနဲ့ အိမ်ခေါင်းရင်းဘက်က ပြင်သစ်နှင်းဆီရုံအောက်မှာ ခုံသုံးလုံးချပြီး သူ့အလယ်တွင် စားပွဲတစ်လုံးနဲ့ ဇိမ်ကျဖို့လုပ်ထားသည်။

ထိုစားပွဲခုံတစ်လုံးပေါ်တွင် ပူတင်း၊ ကိတ်မုန့်နဲ့ လိမ္မော်ရည်တစ်ဂျား၊ အချဉ်ထုပ်အချို့တို့ကို တင်ထားပြီး ဧည့်ခံ‌ပေးထားသည်။ နေပူတာကနေပူတာတစ်ပိုင်း ချွေးသီးသီးတို့က ဘယ်လိုပင်ကျနေပါစေ ခေါက်ဆွဲပြုတ်တို့ကိုစားရမှာက ကိုယ့်အပိုင်းနဲ့အထူးသည် ကိုယ့်အတွက်ကို ခေါက်ဆွဲပြုတ်တစ်ပန်းကန် ပြုတ်လာသေးသည်။ ပျင်းရင် သီချင်းဆိုလို့ရအောင် ဂစ်တာလည်းယူလာသေးသည်။

အပူရှောင်သည့်အနေနဲ့ ပန်းပင်အုံ့အုံ့‌အောက်တွင်မို့ မသိလျှင် ပန်းခြံတစ်ခုထဲသို့‌ ရောက်နေသလိုနှယ် အိမ်တွင်းအောင်းဖြစ်ကြသည်။ တီဆောင်း အိမ်မှာမနေတော့တဲ့ နောက်ပိုင်းတွင် ပန်းရေလောင်းရမယ့်တာဝန်က အထူးနဲ့စိတ်ပါလက်ပါတဲ့နေ့မှ လာဝိုင်းလုပ်ပေးတတ်သောသပိတ်...

"ရော့ ဒီမှာထိုင် နိုင်ငံ့အနာဂတ်အမတ်ကြီး"

အထူးက အတည်ဆီ မေးဆက်ပြ အငေါ်တူးပြောပြီး ခုံတစ်လုံးမှာဝင်ထိုင်စေပြီး သူ့ရှေ့သို့ လိမ္မော်ရည်တစ်ခွက်ပါ ချပေးလေသည်။ အတည်က သူ့အဖိုး၊ သူ့အဖေ၊ သူ့လေးလေးလိုပဲ နိုင်ငံရေးလောကကို စိတ်ဝင်စားသောလူ။

သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...Where stories live. Discover now