PART 25
ဟိုတယ်ပုံရိပ်ကို မော့ကြည့်လိုက် အထူးကိုငေးကြည့်လိုက်နဲ့ တစ်ယောက်ထဲ ရင်ခုန်စိတ်လှုပ်ရှားနေသည်။အိမ်မှာ ဖေဖေလည်းမရှိနေဘူးဆိုတော့ မသိလောက်ဘူး။
ရင်တဒိတ်ဒိတ်နဲ့ ဒီလောက်ထိ သူကြိုးစားနေတာက အထူးနဲ့တစ်ခေါက်လောက် နေကြည့်ချင်နေသည့်စိတ်က ကိန်းအောင်နေသည်။
တစ်ကြိမ်ပဲ... ဒီတစ်ကြိမ်ပြီးရင် နောင်ဘယ်တော့မှထပ်မနေတော့ဘဲ လက်ထပ်တော့မှဟု...
သူမြတ်နိုးရသော သူ့ကိုလိုနီမလေးကို တန်ဖိုးထားပါသည်။ ချစ်မြတ်နိုးသည့်စိတ်ကို တန်ဖိုးမထားတာမဟုတ်ဘဲ လက်မထပ်ရသးခင်မှာလည်း အထူးကို သူပိုင်ဆိုင်ချင်မိသည်။
ဒီတစ်ခါပြီးလျှင် လက်ထပ်ပြီးမှ ထပ်နေကြမယ်ဟု တွေးပြီး စွန့်စား၍အထူးကို ခေါ်ဖို့သာ ပြင်တော့သည်။
“အထူး”
“အထူး”
“ဟင်...အွန် ရောက်ပြီလား”
မျက်လုံးလေးကိုပွတ်သပ်ကာ ပတ်ဝန်းကျင်ကိုရှာကြည့်တော့လည်း ခေါင်းချာချာလည်နေသည် ဘယ်နေရာရောက်နေမှန်း မသိ။ အရက်ကို ပထမဆုံးသောက်ဖူးပြီး လူမှန်းသူမှန်းမသိအောင် သောက်လိုက်သဖြင့် အထူးမှာ အသိမရှိနေ....
“မရောက်သေးဘူး ကိုကိုပြောစရာရှိလို့”
“အင်း”
အထူးမှာ မျက်လုံးမဖွင့်နိုင်ဘဲ ရေဆာလာသဖြင့် လက်တစမ်းစမ်းဖြင့် ရေဘူးကို လိုက်ရှာနေသည်။ သပိတ်က ရေဘူးအဖုံးကိုဖွင့်ပေးပြီး အထူးနှုတ်ခမ်းနား ကပ်တေ့ပေးရင်း ရေတိုက်နေရင်းနဲ့ အထူးဆီက ခွင့်ပြုချက် အရင်တောင်းမိသည်။
“ကိုကို အထူးကိုချစ်တာ အထူးသိတယ်မလား"
“အင်းလေ အဲကြောင်မို့ နင်နဲ့ငါရည်စားဖြစ်နေတာပေါ့”
အထူးတို့ကတော့ သပိတ်ဘာကြံစည်နေလဲမသိရှာ။
အထူးသာရေဆာတာမဟုတ် သပိတ်ပါရေဆာလာသလိုလို ပူအိုက်လာသလိုလို ဖြစ်လာ၏။ မကြာခင်မှာ ချစ်ရသူလေးနဲ့ နှစ်ကိုယ်တူဆိုသော စိတ်ကူးယဉ်မှုနဲ့ရူးသွပ်နေတဲ့သူက လည်ချောင်းကို တစ်ချက်ရှင်းပြီး အထူးလက်ကို သူ့ရင်ဘတ်ပေါ်တင်ကာ...
YOU ARE READING
သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...
Romanceကိုကိုနဲ့ ညီမလေး ဇာတ်လမ်း