PART 43

7.4K 412 142
                                    


  PART 43

    ညက ပြောလည်းပြောတာပဲ အဖက်တင်တယ်။ အခုလည်း ဖုန်းစခေါ်လာပြန်ပြီ။

   အထူးမကိုင်ဘဲ ဒီအတိုင်းပစ်ထားကာ အပိုဝင်ငွေရရန်အတွက် deliသွားပို့ရန် ပြင်ဆင်နေလိုက်သည်။

  ခဏအကြာမှာ တံခါးဘဲလ်သံကြောင့် စိတ်အနှောက်အယှက်ပေးလှချည်းလားဆိုပြီး ဒေါသလည်းလှိမ့်ထွက်လာတော့၏။ တံခါးဖွင့်လိုက်တာနဲ့ ပြောဖို့စီထားသောစကားလုံးတို့ထက် သူကအရင်ဦးသွားလေသည်....

“အထူး...  တော်ဝင်လေး ကိုယ်တအားပူနေတယ်၊ ကိုကိုဘယ်လိုလုပ်ရမလဲ....”

“အဲဒါငါနဲ့ဘာဆိုင်လဲ”

အထူး ပေစောင်းစောင်းဖြင့်ပြောတော့ သပိတ်တစ်ချက်တန့်သွားသည်။ အထူး သူ့ကိုမခေါ်ချင်နေမှန်းသိတော့၍...

“ တော်ဝင်လေး တကယ်ဖျားနေလို့ပါ။ ကိုကို ဘာဆေးတိုက်ပေးရမလဲဟင်”

ဘာမှမသိဘဲ အဖေဖြစ်လာသေးတယ်။ အံ့ဩဘ။

  အထူး သူ့ကိုဘာမှမတုန့်ပြန်‌တော့သော်လည်း သားအတွက်ဆောင်ထားနေကျ အရေးပေါ်ဆေးအိတ်ကလေးကိုယူကာ တစ်ဖက်အခန်းကိုထွက်လာချိန်မှာ သစ်သစ်ရောက်လာသည်။  အာပုကျိ အခုထိအိပ်နေတုန်းမို့ သူ့ကိုစောင့်မည့်လူ လိုနေတာအတော်ဖြစ်သွား၏။

“သစ်သစ် အာပုကျိကို ခဏကြည့်ထားပေးနော်   တော်ဝင်လေးနေမကောင်းလို့တဲ့ မကြီးသွားကြည့် ပေးလိုက်အုံးမယ်”

“ဟုတ် မကြီး”

  တစ်ဖက်ခန်းက တံခါး အဆင်သင့်ဖွင့်ထားသဖြင့်  အိပ်ခန်းဘက်ကိုမှန်း၍ လျှောက်ဝင်သွားလျှင် မွေ့ရာပေါ်မှာ စောင်နှင့်လုံးထွေးနေသောကလေးကို တွေ့လိုက်ရသည်။ မျက်နှာလေးရဲတွတ်နေပုံက အဖျားကြီးနေပြီမှန်းရိပ်စမိ၍ အသည်းကိုသာ ဖုန်းဆက်ခေါ်လိုက်ရသည်။

  သာမိုမီတာကို ကလေးဂျိုင်းကြားထဲထည့်ညှပ်ပြီး ရေပတ်တိုက်ရန်အတွက် သူ့ကိုပြင်ဆင်ခိုင်းရတော့၏။

“ရပြီ... ဘာလိုသေးလဲ”

“ကလေးဝတ်မယ့် အဝတ်ပါးပါးလေးလက်ရှည်လေးနဲ့ ဘောင်းဘီရှည် စောင်အပါးလေပါ အထူဆို အပူငုံ့သွားလိမ့်မယ်”

သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...Where stories live. Discover now