PART 6

6.1K 272 82
                                    

PART 6

"ဘာ ဘာလဲ ဘာလိုချင်ပြန်ပြီလဲ"

"အဟဲ"

စားလက်စလက်ဇွန်းကို ကန်စွန်းဥ သာကူပြုတ်ပန်းကန်ထဲပြန်ချရင်း သပိတ်မှာစကားတို့လည်း ထစ်အလာတော့သည်။

ကိုလိုနီမလေးက သူ့ကိုဘာအနိုင်ကျင့်ဦးမလဲမသိ၊ အကြည့်တွေကအစ 'အဟွန်း အဟွန်း'ဆိုသည့်ရယ်သံပါထွက်နေသလိုမျိုးကိုပါ သူ့မျက်စိထဲမြင်ယောင်လာပြီး ခံစားချက်တို့ပါ ရနေသည်။ ဒီကိုလိုနီမလေးက ဘယ်ဘဝကဝဋ်ကျွေးမို့ သူလှိမ့်ခံနေရတာဘာလိမ့်။

တစ်ပတ်လုံးမှ ဒီတနင်္ဂနွေနေ့တစ်ရက်ပဲ သာကူပြုတ်သည်က ခေါင်းရွက်ပြီး အိမ်ရှေ့ကိုလာလှည့်ရောင်းတာ။

တစ်နေကုန် စာသင်လို့ပြီးလို့ 2နာရီမှာ ဂိုက်ပြန်သွားလျှင် သုံးနာရီလောက်မှာ သာကူသည်က အချိန်မှန်ရောက်လာတတ်ပြီး အိမ်ပြင်ထွက်ကာ သူတို့ဝယ်စားနေကြ။

တစ်ခါတလေဆို နှင်းနှင်း၊ အချယ်တို့ပါ အိမ်ကိုလာလည်တတ်ကြပြီး စား‌သောက်ပြီးမှပြန်ကြပေမဲ့ ဒီနေ့တော့ ပါဆယ်ထုတ်သွားသဖြင့် သူတို့နှစ်ယောက်သာ ထိုင်စားဖြစ်ကြသည်။

အခုလည်း သူ့ဆီကနေ ဓါးပြတိုက်ရန် ချောင်းနေပြန်ပြီ။ သူ့မုန့်ဖိုးထဲကနေ ဝယ်ကျွေးပေးထားရတာကို မလောက်ငှသည့်အပြင် သူ့ပန်းကန်ကိုပါ ထပ်၍ မျက်စောင်းထိုးလာချေရဲ့။

"ကန်စွန်းဥက နူးညံ့အိစေးနေရောပဲနော်...ဟီးဟီး"

"ပုံမှန်ပါပဲ..."

"သပိတ်"

"ဘာလဲ"

"နင် ဟိုတစ်နေ့က ယောက်ျားလေးအိမ်သာအနောက်မှာလေ..."

"ရော့ ရော့ ရော့.... နှစ်‌တုံးလောက်တော့ ငါ့ဖို့ချန်ထားပါရ‌စေ ထူးချွန်ထက်ရာ"

ဟူ၍ အထူးအဆုံးထိ စကားမစပ်ခင်မှာဘဲ သပိတ်က သူမပန်းကန်ထဲအကုန်လောင်းထည့်ပြီးမှ သူကနှစ်တုံးပြန်ဆယ်ပြီး စားရတော့သည်။

"အဟိ.... ငါ့သပိတ်က အလိုက်သိလိုက်တာ အဟင်း အဟင်း"

မင်းခေတ်ဆိုတော့ လုပ်ထားဦးပေါ့ ကိုလိုနီမလေးရေ...

သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...Where stories live. Discover now