PART 42

8.3K 360 364
                                    

PART 42

 
  “ရှင်”

“ အထူးကို ငါတွေ့သွားပြီ”

   မျက်နှာပျက်ယွင်းနေပြီသော ဧသည် ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်သွားမှန်းပင်မသိအောင် ကျောက်ရုပ်လိုငြိမ်သက်သွားရသည်။

“ဟို... ဒါဆို ဒါဆို ဧတို့ကို ချက်ချင်းထားခဲ့တော့မှာလားဟင်”

   တစ်‌နေ့မှာ ဒီလိုဖြစ်လာမယ်မှန်း ကြိုတင်သိနေသော်လည်း ဖြစ်လာသောအခါမှာ ဧတို့ဘာမှပြင်ဆင်ထားရသောအခြေအနေဖြစ်နေသည်။

“ငါဒီအတိုင်း ပြန်သွားလို့ရမယ်ထင်နေလား ဧလေး...  ငါ့ကိုဘာမှမပြောသွားဘဲ ငါ့ကိုအရိပ်အမွတ်လေးတစ်ခုတောင် အသိမပေးသွားဘဲ ထွက်ပြေးသွားတဲ့လူဆီကို ငါဒီအတိုင်းသွားလို့ရပါ့မလား။  ငါမတွေ့ရအောင် ငါးနှစ်လောက်ပုန်းနိုင်တဲ့အထိ ထုထည်ကြီးမားတဲ့သူ့ခံစားချက်တွေကို ငါတောင်းပန်ရအုံးမယ်။ သူ မကျေမနပ်မချင်း ခွင့်လွတ်မှုတွေကို ငါတောင်းဆိုရအုံးမယ်။  အထူးကိုမင်းလှည့်စားခဲ့တာတွေ ငါဖြေရှင်းရအုံးမယ်။ မင်းကိုငါအကြိမ်ကြိမ်မေးခဲ့တယ် ကလေးကိုခုတုံးလုပ်ပြီးသွားခဲ့လားလို့မေးတာက မသိလို့မေးနေတာမဟုတ်ဘူး။ ကလေးကြောင့်လား ငါ့ကြောင့်လားဆိုတာ သိချင်လို့။ ငါ့ ကြောင့်သီးသန့်ဆို ငါသူ့အပေါ်ကို ဘာတွေများ အမှားထပ်လုပ်မိလဲ။ သူ့ကိုအသိမပေးဘဲ လက်ထပ်စာချုပ်လုပ်ခဲ့မိလို့လား။ အလိုမတူဘဲ အတူနေခဲ့မိလို့လား။ စေ့စပ်ထားတဲ့ကိစ္စတောင် ငါ့ကိုကြေအေးပေးနိုင်တဲ့ကလေးက ငါ့ကို မောင်းထုတ်ပစ်တာမဟုတ်ဘဲ သူ့ကိုယ်သူ အဝေးကိုထွက်ပြေးပြီး စတေးပစ်ရလောက်တဲ့အထိ ငါဘာတွေအမှားလုပ်ခဲ့မိလဲဆိုတာ သိချင်လို့...မင်းပြောလို့ တော်ဝင်ကြောင့် သူထွက်သွားရတယ်ဆို  ငါနဂိုပြောထားပြီးသားပဲ ကူညီခဲ့တာနဲ့မတန်အောင် ဒီကိစ္စကို ငါဖောက်ခွဲပစ်မယ်လို့...

မင်းတို့ဆီက ငါဘာတစ်ခုမှမမျှော်ကိုးပဲ ကူညီခဲ့တာက တုံးနေလို့မဟုတ်ဘူး၊ မင်းထက် ဖခင်စိတ်နည်းနည်းရှိသေးလို့ပဲ... ”

“ဧမှားသွားပါတယ် ဧတောင်းပန်ပါတယ်...”

“မင်းငါ့ကိုအကူအညီလာတောင်းတာ မမှားဘူး‌ဧလေး...။ ကလေးကိုဗန်းပြပြီး  အမေမရှိတော့တဲ့အထူးရဲ့အားနည်းချက်ကို ချနင်းပြီး မင်းကိုယ်မင်းကာကွယ်ခဲ့တာက မင်းအမှားပဲ။ အထူးဘဝထဲကနေ ငါ့ကိုမောင်းထုတ်ခဲ့တာကိုလည်း ငါခွင့်လွှတ်နိုင်သေးတယ်။ အထူးရှေ့မှာ ဒူးထောက်ပြီး သပိတ်အနားကနေထွက်သွားပေးပါလို့  တောင်းဆိုသလိုမျိုးနဲ့ အထူးကိုနာကျင်အောင်လုပ်သွားခဲ့တာကိုတော့ ငါခွင့်မလွှတ်ဘူးနော်...
ငါ့ကိုနာကျင်အောင်မင်းလုပ်ပိုင်ရှိပေမဲ့ အထူးကိုမင်းနာကျင်အောင် လုပ်ပိုင်ခွင့်မရှိဘူး။ အထူးကမင်းကို ဘာမှမလုပ်ထားဘူး။ အထူးကို နောက်တစ်ခါ ထပ်ထိရင် တော်ဝင်ကို ငါချပြရလိမ့်မယ်... ”

သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...Where stories live. Discover now