PART 24

6.2K 295 112
                                    

PART 24

သပိတ်သည် ဦးငယ်က KLoardလက်အောက်ခံ Chateauဟိုတယ်မှာ မီတင်တစ်ခု လာတက်သည်ဆို၍ သူ‌သွား‌တွေ့၏။

ရောက်တော့ မီတင်မပြီးသေး၍ သူသည် ကော်ဖီဆိုင်တစ်ခုမှာ ထိုင်စောင့်ဖြစ်နေသည်။

သူထိုင်နေဆဲနေရာကို ဦးတည်နေသော ပုံရိပ်တစ်ခုကို တွေ့လိုက်လျှင် ဦးငယ် သူ့ကိုဘာကြောင့်အကြောင်းမကြားသလဲ ဆိုကာ နားလည်သွားရင်း စိတ်ထဲမှာလည်း နောက်ကျိသွားရ၏။

ဧလေး...

သူ့ကိုမြင်တာနဲ့ပြုံးပြနေသာ ကောင်မလေးကို ခေါင်းသာတစ်ချက် ညိတ်ပြလိုက်သည်။

သင်းလေး မန္တလေးမှာ ကျောင်းသွားပြန်တက်လို့သာတော်သေး။

"ရောက်နေတာကြာပြီလား သပိတ် ဒီမှာရှိတယ်လို့ ဦးငယ်ပြောလို့"

"မကြာပါဘူး... မင်းရော ဒီကိုဘာလာလုပ်တာလဲ"

"ဟင်... အွန်း ဖေဖေနဲ့လိုက်လာတာ... ဖေဖေလည်း ဦးငယ်နဲ့အတူလာကြတာလေ"

သပိတ်ကိုတွေ့ရဖို့အရေး ဧသည် ဒီကိုဘယ်လောက်တောင် လာချင်လွန်းအားကြီးသလဲဆို စိတ်လှုပ်ရှားရင်ခုန်ရလွန်းလို့ ညထဲက တစ်ရေးမှအိပ်မပျော်ရ‌သေးတာကို ပြောပြချင်ပါသော်လည်း တွေ့လိုက်တာနဲ့ ဧည့်မခံချင်ပုံမို့ ပျော်နေသည့်ပုံရိပ်ကို မပြရဲတော့ချေ။ ပြီးတော့ သူ့သတင်းကိုပါ ထပ်ကြားခဲ့ရတာမို့ သေချာလားမသေချာလားဆိုတာ ထပ်သိချင်သေး၏။

"ထူးချွန်ထက်ရော... သူမလိုက်လာဘူးလား မတွေ့တာကြာပြီနော်"

"သူ သူ့သူငယ်ချင်းအိမ်မှာ"

ဖြေသည့်ပုံမှာ ထူးဆန်းသောအရိပ်အ‌ယောင် မမြင်ရ။ သပိတ် ဒီလောက်ထိ ဧကို လိမ်ညာတာ သိပ်တော်တာပဲ။ သပိတ်က ဒီလောက်ပဲ ပြောပြီး စကားထပ်မဆက်တော့ 'ဧ'သာ စကားဆက်ရပြန်၏။

"ဧ ဗိုက်ဆာတယ် ကတ်က ဖေဖေ့ဆီမှာမို့ သပိတ် ဝယ်ကျွေးပါလားဟင်"

"မှာ"

ခရက်စ်ဆီမှ စေ့စပ်ထားသည့်လူဆီမှ ကျွေးသောအစားအသောက်ကို ဘဝမှာ ပထမဆုံးစားရတော့မည်မို့ ဧလည်း အပျော်ကြီးပျော်နေမိကာ လူက တစ်ရေးမှ မအိပ်ရသေးလို့ နုံချိနေတာတွေလည်း တစ်ခဏအတွင်း ပျောက်ကွယ်သွားရလေသည်။ အိပ်ကပ်ထဲက ATMလေးရေ ‌ထွက်မလာနဲ့နော်....

သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...Where stories live. Discover now