2 - U

17 2 1
                                    

လှေကားက သူဆင်းလာတာကို မြင်လိုက်တာနှင့် လုပ်လက်စတွေရပ်ပြီး အကုန်လုံးက သတိအနေအထားဖြစ်ကုန်၏။ ဒါတွေကိုပဲ သူကလည်း စိတ်ကုန်တာပါ။

မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ ထမင်းစားခန်းဆီကို ဦးတည်လိုက်မိချိန် နောက်ကလိုက်လာသံ ခြေသံတရှပ်ရှပ်နှင့်...၊

"သခင်... သခင်လေး... ထမင်းစားတော့မလို့လား"

"ထမင်းစားမှာမို့... ဝင်လာတာပေါ့.. သွား... ထမင်းပွဲသွားပြင်!"

အော်သံကြောင့် ကျိုးကျမတတ်ငုံ့ထားသည့် ခေါင်းက ပိုငုံ့ကျသွားပြီး ခန္ဓာကိုယ်ကလည်း တုန်သွားသေးသည်။ မသိလျှင် ကိုယ်ကပဲ အစွယ်ပါနေသည့်အတိုင်း...။ နိုးလာကတည်းက ဒီအိမ်ကဟာတွေနဲ့ ဘယ်လိုမှ မျက်နှာချင်းမဆိုင်ချင်တာကလည်း ဒီလိုတွေကြောင့်ပဲ...။ အနားက အပြေးတပိုင်းထွက်သွားသည့် အိမ်အကူကျောပြင်ကို မှုန်ကုပ်ကုပ်ကြည့်လိုက်မိရင်း သူ့ခြေလှမ်းတွေက ထမင်းစားခန်းထဲကို ဝင်လာမိ၏။

ထမင်းစားခန်းထဲရောက်ချိန်  စားပွဲထိပ်မှာ ထိုင်နေသည့် ကျောပြင်က သူ့အမြင်အာရုံထဲ ဝင်လာသလို သူ့ကိုလည်း တဆက်တည်း လှည့်ကြည့်လာသည်။

"နိုးလာတာနဲ့... မင်းအသံပဲ... မနက်စာနဲ့ နေ့လည်စာ ပေါင်းစားရမှာမို့လို့... ဆင်းလာကတည်းက... စိတ်တိုနေတာလား"

"ဖေဖေ!.... ဖေဖေက ဘယ်တုန်းက ပြန်ရောက်နေတာလဲ"

အနားကို အမြန်သွားလိုက်မိပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်ချိန်ထိ မစ္စတာနခအိရဲ့ မျက်နှာက တင်းမာနေ၏။

"အဲဒီစကားကို... ငါ့လာမမေးနဲ့... မင်း မနေ့ညက တစ်ညလုံးနီးနီး... အိမ်ပြန်မလာဘူးဆို"

"ဖေဖေက ဘယ်လိုလုပ်ပြီး သိတာလဲ"

"မင်းအိမ်မှာ ရှိနေရင်... ငါ ပြန်ရောက်တာကို.... သိမှာပေါ့... ကိုယ့်အဖေတစ်ယောက်လုံး... ပြန်လာတာကိုတောင်... ကြိုမယ်မရှိဘူး... ဒီအိမ်မှာ... နေဖို့ရော စိတ်ကူးရှိသေးရဲ့လား.. ဒိုင်ချန်"

"အဲဒီစကားက... ကျွန်တော်ပြောရမှာမဟုတ်ဘူးလား"

"ဘာကွ!"

SOULMATEWhere stories live. Discover now