24 - U

12 2 0
                                    

'ငါ ဘယ်ကိုရောက်နေတာလဲ'

မေးခွန်းမေးနေသည့် ကိုယ်တစ်ယောက်တည်းပဲ အနားမှာရှိပြီး ပတ်ဝန်းကျင်တစ်ခုလုံးက မြူမှုန်တစ်စတောင် မမြင်နိုင်အောင် ပိန်းပိတ်မှောင်နေ၏။ မြင်နေရပေမဲ့လည်း မမြင်ရသလိုမျိုး...။ အေးစက်စက်လေအေးတွေကြားထဲကို တိုးဝင်နေရသည့် ခြေဗလာကနေတဆင့် စိုထိုင်းထိုင်းအငွေ့အသက်က တစ်ကိုယ်လုံးကို စီးဝင်လာသည်။ အဖြူရောင်ရှပ်အင်္ကျီမှာ သွေးစတွေစွန်းပေနေ‌ပေမဲ့လည်း ဒဏ်ရာတွေ ရှာမတွေ့သည့် သူ့ခန္ဓာကိုယ်က တစ်မျိုးထူးဆန်းလွန်းနေတယ် မထင်ဘူးလား။ ဘယ်မှာအဆုံးသတ်မှန်း မသိရသည့် အမှောင်ထဲကို တစ်ယောက်တည်း တိုးဝင်လာရင်း ကြောက်စိတ်၊ အားငယ်စိတ်နှင့် ရွှန်း နှုတ်က စကားသံတချို့ ထွက်ကျကုန်သည်။

"တစ်ယောက်....ယောက် မရှိကြဘူးလား"

ပဲ့တင်ပြန်ထပ်လာသည့် ကိုယ့်အသံနောက်မှာပဲ ရယ်သံတွေ ကပ်လိုက်လာသလိုမျိုး...။ မျက်စိရှေ့မှာ ရိပ်ခနဲဖြတ်သွားကြတာတွေက လူတွေလား...။ ကိုယ့်ကို တိုးတိုက်သွားမတတ် တရိပ်ရိပ်ဖြတ်ပြေးနေသည့် ဝိုးတဝါးပုံရိပ်တွေကြောင့်ပဲ သူ့အနားက လေငွေ့တွေက အေးစက်ရာကနေ ကျောရိုးထဲထိ အေးစိမ့်လာ၏။ အမှောင်ကို ကျင့်သားရလာတာကြောင့်လားမသိပေမဲ့ မှုန်ပျပျအလင်းရောင်လေးကြောင့် သူ့ခြေလှမ်းတွေ အားတက်သွားမိရင်း ရှေ့ဆက်သွားလိုက်ချိန် မြေပြင်နှင့် တစ်သားတည်းဖြစ်နေသည့် ခြေဗလာက စိုစိစိအေးစက်စက်ခံစားချက်ကြောင့် နင်းမိထားသည့် နေရာကိုပဲ အားစိုက်ငုံ့ကြည့်လိုက်မိသည်။

"သွေး... သွေးတွေလား"

အမှောင်ထဲမှာ အနက်ဘက်လုနေသည့် သွေးစီးကြောင်းကြီးထဲ သူ့ခြေရာက အထင်းသားပေါ်နေ၏။ ကြောက်စိတ်က နှစ်ဆတိုးလာပေမဲ့ ခြေလှမ်းတွေကတော့ သွေးတွေနောက်ကိုလိုက်ရင်းနှင့် သူ့ကို ကျောပေးထားပြီး ဘေးတစောင်းလဲနေသည့် လူတစ်ယောက်ပုံရိပ်က ဝိုးတဝါးပီပြင်လာသည်။ အနားကိုလှမ်းသွားဖို့ ခြေလှမ်းတွေက အဝေးက လျှောက်လာနေသည့် ခြေသံကြောင့် အမှောင်ထဲကို လှမ်းကြည့်လိုက်မိချိန်...၊

SOULMATEDonde viven las historias. Descúbrelo ahora