အိမ်ထဲထိ တောက်လျှောက်ဝင်လာသည့် ခြေလှမ်းတွေက အနားမှာ လူရိပ်တွေ့လိုက်တာကြောင့် လှည့်ကြည့်လိုက်မိ၏။
"ဟေ့!... အိမ်မှာ ဖေဖေ ရှိလား"
ထုံးစံအတိုင်း အိမ်အကူက ခေါင်းငုံ့လျက်သားနှင့်...၊
"ဟုတ်... ဟုတ်ကဲ့... သခင်လေး... စာကြည့်ခန်းထဲမှာပါ"
ကိုယ်ကသာ ပြောလိုက်ရတာပါ။ သူမ ဆီက ခေါင်းညိတ်ပြလိုက်ကတည်းက ဒိုင့်ခြေလှမ်းတွေက အိမ်အတွင်းထဲထိ ရောက်သွားနေပြီ...။ တစ်ယောက်တည်း သက်ပြင်းချလိုက်မိရင်း သူတို့တွေအတွက် ဒီအိမ်မှာ အကြောက်ရဆုံးက သခင်ကြီးတို့ ဇနီးမောင်နှံထက် အမြဲတမ်း မျက်နှာတင်းထားတတ်သည့် သခင်လေးကိုပါ။ ဘာကိုမလိုမကျဖြစ်နေတာလဲမသိရသည့် မျက်နှာက ဒီနေ့ကျမှ ပိုဆိုးနေသလို...။ ရုပ်လေးက ချောရဲ့သားနဲ့...။
စာကြည့်ခန်းရှေ့ မတ်တပ်ရပ်နေရင်း အသက်ဝအောင်ရှူလိုက်ပြီးမှ တံခါးခေါက်လိုက်မိ၏။
"ဝင်ခဲ့!"
"စာဖတ်နေတာလား... ဖေဖေ"
စာအုပ်ကိုင်ထားလျက်သားနှင့် မစ္စတာနခအိရဲ့မျက်လုံးတွေက သူ့ကို မြင်လိုက်တော့ အံ့ဩသွားသလိုနှင့်...၊
"ဟော!... သားပါလား... လာလေ"
"ကျွန်တော်... ဖေဖေနဲ့ စကားပြောစရာရှိလို့"
မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်အထိ မစ္စတာနခအိက သူ့ကိုငေးနေဆဲ..။ တစ်အိမ်တည်း နေကြပြီး သားအဖ မဆုံဖြစ်တာ ဘယ်လောက်ကြာနေပြီလဲ။ ရောက်လာတော့လည်း ထူးထူးဆန်းဆန်းစကားတွေနှင့်..။
"ငါ့သားက... ထူးထူးဆန်းဆန်းပါလား... ကဲ... ပြောပါဦး... ဘာများပူဆာချင်လို့လဲ"
"မဟုတ်ပါဘူး... ဖေဖေ့ကို... အကူအညီတောင်းချင်တာလေးရှိလို့... ကျွန်တော့်ကို ဆေးရုံကောင်းကောင်းတစ်ခုလောက်... စုံစမ်းပေးပါ... ဒီကဆေးရုံတွေက... အဆင်မပြေဘူးထင်ရင်လည်း... နိုင်ငံခြားထိဖြစ်ဖြစ်ပေါ့... အဓိက,က... စိတ်ချရတဲ့ဆေးရုံပဲ ဖြစ်ချင်တာ"
စကားတွေထဲမှာ ဆေးရုံချင်းထပ်အောင် ပြောသွားသလို သူကိုကြည့်နေသည့် ဒိုင့်မျက်နှာကလည်း စိုးရိမ်နေသလိုလို၊ တည်ကြည်လေးနက်နေသလိုလိုနှင့် မျက်လုံးတွေက အရိပ်တွေမျိုးစုံ ရှပ်ပြေးနေသည်။ စပြောလာကတည်းက မျက်မှန်ပေါ်က ကျော်ကြည့်ပြီး သားမျက်နှာကို အကဲခတ်နေမိသည့် သူ့မျက်လုံးတွေကို ဒီတစ်ခါတော့ မျက်မှန်ပါ ချွတ်ပစ်လိုက်မိတော့၏။ စိုးရိမ်စိတ်ကလည်း တပါတည်းဖြစ်လာကာ မစ္စတာနခအိ လက်ကာပြလိုက်မိရင်း...၊
YOU ARE READING
SOULMATE
Fanfictionလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...