တစ်လမ်းလုံး ဒေါသတွေနှင့်စိတ်ကြောင့် ပေါ်တီကိုအောက်ရောက်ချိန်မှာလည်း ကားရပ်လိုက်ပုံက ဆောင့်ခုန်သွားသည့်အတိုင်း...။ ဧည့်ခန်းမှာ ဖင်တကြွကြွဖြစ်နေသည့် မဒမ်အိမိကိုတစ်ယောက် ကားတံခါးပိတ်သံကြမ်းကြမ်းကို ကြားလိုက်ရကတည်းက လူကလည်း ပြေးသွားမိ၏။
"သား!"
ဒိုင်ကလည်း ခြေလှမ်းတစ်ချက်မှတုံ့မသွားဘဲ သူမကိုတောင် တိုးတိုက်သွားတော့မလိုနှင့် အိမ်ထဲကို တန်းဝင်သွား၏။ နောက်ကနေ အမှီပြေးလိုက်နေရရင်း...၊
"သားရယ်!... မေမေက တစ်ချိန်လုံး ဖုန်းတွေခေါ်နေတာ"
"နောက်မှ... ပြောကြရအောင်... ကျွန်တော် နားချင်နေပြီ"
စကားပြောနေရင်း ခြေလှမ်းတွေကလည်း အိပ်ခန်းဆီထိ တက်သွားပြီးမှ အခန်းရှေ့ရောက်ချိန် နောက်ပြန်လှည့်ကြည့်လာသည့် ဒိုင့်မျက်နှာက စိတ်ပျက်ခြင်းတွေနှင့်...။ ဒါကိုလည်း လျစ်လျူရှူပစ်လိုက်မိပြီး သူမပါ လိုက်ဝင်လိုက်မိကာ...၊
"ရွှန်းစံနဲ့... အတူတူရှိနေတာလား"
ကျောပေးပြီး ခါးထောက်မတ်တပ်ရပ်နေရာက သူမကို အံ့ဩတကြီး လှည့်ကြည့်လာ၏။ မစ္စတာနခအိကလည်း အခန်းထဲလှမ်းဝင်လာရင်း သူ့ကိုကြည့်လာသည့် မျက်လုံးတွေထဲမှာ မေးခွန်းတွေက အပြည့်ဖြစ်နေသည်။
"မေမေတို့က... ကျွန်တော့်ကိစ္စတွေကို... ဘယ်တုန်းက စိတ်ဝင်စားသွားကြတာလဲ"
သူ့နာမည်ကို ကြားလိုက်ရကတည်းက ဒေါသတို့ကို ထွက်ပေါက်ပေးလိုက်မိပြီး ဒိုင့်မျက်နှာက အနီရောင်ရင့်လာ၏။ မဒမ်အိမိကိုက သူ့အနားကို လျှောက်လာပြီးမှ လက်မောင်းကိုလည်း ဆုပ်ကိုင်ထားလိုက်ရင်း...၊
"ရှည်ရှည်ဝေးဝေးတွေ... မေမေ မပြောချင်တော့ဘူး... သားတို့နှစ်ယောက်က... လုံးဝရှေ့ဆက်လို့မဖြစ်နိုင်ဘူး... ဒိုင်ချန်!... ရွှန်းစံနဲ့... သားလမ်းခွဲရလိမ့်မယ်"
"ဘာ!... မေမေ ဘာတွေလာပြောနေတာလဲ... အဓိပ္ပါယ်မရှိတာတွေ... သွားကြပါတော့... ကျွန်တော် တစ်ယောက်တည်း... နေချင်လို့... နှစ်ယောက်လုံး ထွက်သွားပေးပါ"

DU LIEST GERADE
SOULMATE
Fanfictionလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...