22 - U

13 2 0
                                    

"ရောက်လာပြီလား... ထိုင်!"

"ဒိုင်!... မင်းတော်တော် အခြေအနေဆိုးနေတာပဲ"

သူ့စကားကို ဧည့်ခန်းမှာ ဒူးတစ်ဖက်ထောင်ပြီး ထိုင်နေရင်း ဒိုင်က ဘုကြည့်လှမ်းကြည့်၏။ ကိုယ်ပြောတာ ဘာများမှားသွားလို့လဲ....။ ကိုယ့်ဆီဖုန်းဆက်လာပြီး မင်းကို အကူအညီတောင်းစရာရှိလို့ အပန်းဖြေအိမ်ကို ခဏလာခဲ့စမ်းပါဆိုတော့ သူ့မှာ အံ့ဩတကြီးဖြစ်ခဲ့ရသေးသည်။ ဒီရောက်မှ တကယ်ပြောနေပါလားဆိုတာ ပိုပြီးသိသာသွားအောင် ဒူးပေါ်တင်ထားသည့် လက်ထဲက စီးကရက်ကလည်း အငွေ့တလူလူနှင့်...။ အခိရုရဲ့မျက်နှာကလည်း တော်တော်လေး အံ့ဩနေသလိုနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လာ၏။

"ဟေ့ကောင်!... မင်းမှာ ပြဿနာတစ်ခုခုရှိနေတာလား"

ပြောလိုက်ကာမှ စီးကရက်ကို တစ်ရှိုက်,ရှိုက်လိုက်ရင်း မီးခိုးတွေကြားထဲကနေ သူ့ကိုလှမ်းကြည့်လာ၏။ ဆေးလိပ်သောက်တာရှားသည့်သူ့ကို ဒီလိုပုံစံမြင်လိုက်ရချိန် အခိရုခေါင်းထဲမှာ တွေးမိတာတွေက မှုတ်ထုတ်လိုက်သည့် မီးခိုးငွေ့တွေလို ဘာတစ်ခုကိုမှ ဖမ်းဆုပ်ကြည့်လို့မရတာမျိုး...။ အိပ်ခန်းကလည်း တစ်ခန်းတည်းပါပြီး မီးဖိုခန်းသေးသေးလေးနှင့် ဒီတစ်ထပ်အိမ်လေးထဲကို မျက်လုံးဝေ့ကြည့်လိုက်ပြီးမှ...၊

"ရွှန်းရော!"

"သူ့အိမ်မှာပေါ့"

"ဪ!... မင်းတို့က... နှစ်ကိုယ့်တစ်စိတ်တွေဆိုတော့... သူရောပါသလားလို့... ဟီး... ဟီး"

တင်းနေသည့်မျက်နှာက ထုံးစံအတိုင်း ဆဲဆိုမလာပေမဲ့ ဒိုင်က စီးကရက်ကို ပြာခွက်ထဲ ဖိချေပစ်လိုက်ပြီးမှ ဒူးနှစ်ဖက်ပေါ် တံတောင်တင်ထားရင်း ခန္ဓာကိုယ်ကလည်း ရှေ့ကိုကိုင်းကျလာ၏။ တစ်ခုခုကို အပီအပြင်ပြောလာတော့မဲ့ အမူအရာကြောင့် အခိရုရဲ့မျက်နှာကလည်း စူးစမ်းသလို ကြည့်လာသည်။ အမျိုးမျိုးပြောင်းလဲနေပြီး သာမန်အခြေအနေတွေမှာ မြင်ရခဲသည့် ဒိုင့် ပုံစံတွေကို ငေးနေရင်း သူ ဘယ်လိုမှ မနေနိုင်တော့ဘဲ...၊

"ဒိုင်!... ငါ့ကို ပြောစရာရှိလို့ဆို... ဘာကိစ္စလဲ"

"မင်းမေးနေတဲ့ ရွှန်းကိစ္စပဲ"

SOULMATETempat cerita menjadi hidup. Temukan sekarang