"ရွှန်း!... ဘာဖြစ်နေတာလဲ... ငါ့ကို မကျေနပ်တာ... တစ်ခုခု ရှိနေတာလား"
စကားအဆုံးမှာ ရှေ့ကသွားနေသည့် ရွှန်းခြေလှမ်းတွေက တုံ့သွား၏။ အနားမှာ သူယှဉ်ရပ်လိုက်မိပြီး တင်းနေသည့်မျက်နှာကိုပဲ အံ့ဩတကြီး ကြည့်လိုက်မိသည်။
"တကယ်ကြီးလား... မင်းက ငါ့အပေါ်မှာ... တကယ်မကျေနပ်နေတာပေါ့... ဟုတ်လား"
ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းတဲ့...။ ဘာကို မကျေနပ်နေတာလဲဆိုတာ ကိုယ်မှ မသိရတာ...။
ဒိုင် ခေါင်းရှုပ်သွားပြီး သူ့မျက်နှာကိုပဲ ငေးနေမိတော့၏။ လှမ်းကြည့်လာသည့် မျက်လုံးအကြည့်တွေထဲမှာ အဖြေရှာကြည့်နေပေမဲ့ ဘာမှမတွေ့ပါ။
"မင်းနဲ့ စတွေ့ကတည်းက... မင်းကို မကျေနပ်တာ... ရှင်းလား"
"ဟာ!... အဲဒီကိစ္စကို... ငါရှင်းပြပြီးပြီလေကွာ"
"မသိဘူး... ငါကတော့... တကယ်စိတ်ဆိုးသွားတာ... ကိုယ်မမြင်ရလို့... ကန်းနေတာပြောခံရပေမဲ့... အဲဒီလို... အနေအထားမျိုးနဲ့တော့ တစ်ခါမှ... အပြောမခံရဖူးဘူး"
စကားပြောနေရင်း ရွှန်းမျက်နှာက မျက်ခမ်းစပ်တွေ ရဲတက်လာ၏။ မဝေးလှသေးသည့် အတိတ်ကို သူသေချာမှတ်မိနေသေးတာပေါ့...။ ကန်တင်းပတ်ဝန်းကျင်တစ်ခုလုံးတိတ်ကျသွားအောင် အော်ပြောလိုက်သံက သူ့အနားမှာ ဗုံးကွဲသွားသည့်အတိုင်း...။ အဲဒီအချိန်တုန်းကဆိုလျှင် ခဏနှင့် ပုံမှန်အခြေအနေပြန်ဖြစ်သွားသည့် စကားသံတွေကပဲ သူ့ကိုဝိုင်းလှောင်ပြောင်နေသလို ခံစားခဲ့ရတာပါ။ လူဆိုတာ ကိုယ်တိုင်ကြုံတွေ့ရမှ ကိုယ်ချင်းစာတတ်ကြတာလား...။ တွေးနေရင်း ဘယ်လိုမှ မကျေနပ်နိုင်သည့်စိတ်နှင့် လက်သီးကိုပဲ ကျစ်ကျစ်ဆုပ်ထားလိုက်မိ၏။ တကယ်ဆိုလျှင် ဘေးမှာရပ်နေသည့် သင်းမျက်နှာကို စိတ်ကူးနဲ့အကြိမ်ကြိမ်ထိုးနေမိတာ လူရုပ်တောင်မပေါ်တော့....။
လက်သီးဆုပ်လျက်သားနှင့် တောင့်တောင့်လေးရပ်နေသည့် သူ့ပုံစံကိုကြည့်ရင်း ဒိုင် ခေါင်းကုတ်လိုက်မိသည်။ ဒေါသကုမ္မာရပါလား..။
"ရွှန်းစံ!... အဲဒါကို ငါသေချာပြောပြမယ်... ဒေါသတွေ... နောက်ထားစမ်းပါ"
VOCÊ ESTÁ LENDO
SOULMATE
Fanficလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...