"အမလေး!... ရောက်လာကြပြီပေါ့... လာပါ... လာပါ... အိမ်ထဲဝင်ခဲ့ကြပါ"
အိမ်ဝင်ပေါက်တံခါးဖွင့်ပေးလာရင်း ရှေ့ကပြန်လှည့်ဝင်သွားသည့် မဒမ်ယုကီနောက်ကို အသာကပ်လိုက်နေရင်း ဒိုင်က ဘယ်လိုလဲဆိုသည့် သဘောနှင့် မျက်ခုံးပင့်ပြလာ၏။ မျက်နှာပိုးမသေချင်သည့်မျက်နှာကြီးကို ငြိမ်ငြိမ်နေဖို့ မျက်ရိပ်ပြလိုက်ရကာ ရွှန်းက ဧည့်ခန်းမှာ ထိုင်စောင့်နေသည့် သူမ ဘေးမှာ ဝင်ထိုင်လိုက်ပြီးမှ...၊
"မေမေကလည်း... ကျွန်တော်က..."
"တော်ပါ... မွေးကတည်းက... မနေ့တစ်နေ့ကအထိ... ဒီအမေကို ကပ်တွယ်နေခဲ့တဲ့သားဖြစ်သူက... ရည်းစားရသွားမှ... အပြင်မှာ ညအိပ်တာတဲ့... မွေးရကျိုးနပ်တာပေါ့"
ဒေါသမပါသည့် မျက်စောင်းကြောင့် နှစ်ယောက်သား ရယ်မိကြရင်း...၊
"မေမေကလည်း... ကျွန်တော့်ကို သူပြန်မလွှတ်တာ"
"ဟာ!... ဟေ့... ရွှန်း...မင်းလျှောက်မပြောနဲ့နော်"
ဒိုင်က သူမကိုလည်း အားနာသလို တစ်ချက်လှမ်းကြည့်ရင်း ပြာပြာသလဲထဖြစ်၏။ မဒမ်ယုကီက အပြုံးမျက်နှာနှင့် သူ့ဘက်ကို လှည့်ကြည့်လာပြီးမှ...၊
"ဟုတ်လို့လား... ဒိုင်ချန်ဖုန်းဆက်လာတုန်းက... သားက မပြန်ချင်တာဆို"
သေစမ်း...။ မီးရောင်အောက်မှာ ရွှန်းမျက်နှာက သူခိုးလူမိသလို ရဲတက်သွား၏။ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် သူ့ကိုလှမ်းကြည့်မိတော့ မလိမ်မိုးမလိမ္မာရုပ်နှင့်...။ မဒမ်ယုကီက နှစ်ယောက်လုံးကို အပြုံးနှင့် ကြည့်လာရင်း...၊
"သားက... မေမေ့ကိုတောင် လိမ်တတ်နေပြီလား"
"ဟာ!... အဲဒီလိုမဟုတ်ဘူးနော်... သူက မေမေ့ကို... အကုန်ပြောပြမယ်လို့မှ မထင်ထားတာ"
သဘောက သူ့အမှားမရှိဘူးဆိုပြီး ဒီကောင့်ကို ချောက်တွန်းချတာပေါ့...။
"ဒိုင်ချန်က... ဘာမှ မလိမ်ဘူး... မေမေ့ကို အကုန်ပြောပြပြီးသား... သားက မပြန်ချင်လို့... သူက ဖုန်းဆက်လာရတဲ့အကြောင်း... တကယ်လို့... မေမေက ခွင့်မပြုရင်လည်း... သားကို ပြောပြပြီး... ပြန်ပို့ပေးမဲ့အကြောင်း... အစုံပဲပေါ့... သားရယ်"
YOU ARE READING
SOULMATE
Fanfictionလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...