"သားတို့... အိပ်ရာမထကြသေးဘူးလား... မေမေ ဝင်လာပြီနော်"
တံခါးခေါက်သံနှင့်အတူ မဒမ်ယုကီက အခန်းထဲရောက်လာခဲ့ပြီ...။ ညဉ့်နက်တဲ့အထိ စကားပြောခဲ့ကြတော့ ကြားနေရသည့် အသံက သူတို့နှစ်ယောက်နားထဲမှာ အိပ်မက်ယောင်နေသလိုလို...။
"ဟဲ့... ကလေးတွေ... ထကြတော့လေ... ကျောင်းနောက်ကျတော့မယ်"
အနားမှာ ထအော်လိုက်မှ ဖက်ထားမိသည့် လက်တွေက ကွာကျသွားပြီး လူတွေကလည်း ငုတ်တုတ်ထထိုင်ပြီးသားဖြစ်သွား၏။ အိပ်စုံမှုန်ဝါးဖြစ်နေသေးသည့် ဒိုင့်မျက်နှာက ဘယ်နားကို ပြေးပုန်းရမှန်းမသိဖြစ်နေကာ နောက်ဆုံး ခေါင်းပဲငုံ့ချထားလိုက်မိတော့သည်။ သေစမ်း...။
"မေ... မေမေက... ဘယ်လိုလုပ်ပြီးတော့..."
ရွှန်းပုံစံကလည်း အိပ်ချင်မပြေသေးသည့် မျက်လုံးတွေကို အတင်းပွတ်ပစ်နေရင်း စကားပြောလာပေမဲ့ လေသံက မသဲကွဲချင်...။
"ကဲ... မေမေတွေ... ဖေဖေတွေလုပ်မနေနဲ့... မနေ့ညကတည်းက... မင်းတို့ကိုမြင်ပြီးသား... ထကြတော့... မနက်စာပြင်ထားပြီးပြီ"
ပြောပြောဆိုဆိုနှင့် မဒမ်ယုကီက သူမစကားကြောင့် ခေါင်းငုံ့ပြီး အရုပ်လိုထိုင်နေရာကနေအံ့ဩသလိုမော့ကြည့်လာသည့် ဒိုင့်မျက်နှာကို သေချာကြည့်ပြီးမှ အပြုံးနှင့်လှည့်ထွက်သွားခဲ့၏။
ညဘက်တရေးနိုးချိန် ထုံးစံအတိုင်း သားဖြစ်သူအခန်းကို လာကြည့်မိတော့ မီးရောင်မှိန်မှိန်အောက်မှာ ဒိုင့်ရဲ့ကျောကို သိုင်းဖက်ထားသည့် လက်ဖြူဖြူလေးကိုပဲ မြင်ရပြီး တစ်ကိုယ်လုံးက ရင်ခွင်ထဲမှာ မြုပ်နေသည့် ကိုယ့်သားက တကယ့်ကလေး,လေးလို...။ ခုတင်နားတိုးကပ်ကြည့်လိုက်မိချိန် ပထမတော့ အံ့ဩသွားပြီးမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည့် သားပုံစံလေးကြောင့် စိတ်ထဲမှာလည်း ကြည်နူးသွားမိတာအမှန်ပါ။ ဒါတွေကို အိပ်ပျော်နေသည့် နှစ်ယောက်ကတော့ ဘာမှမသိခဲ့ဘဲ နိုးလာမှ မျက်လုံးပြူးလေးတွေနှင့်....။
သူမ ထွက်သွားပြီး တံခါးပြန်ပိတ်သွားတဲ့အထိ စောင့်ပြီးမှ ရွှန်းက လေသံသဲ့သဲ့လေးနှင့်...၊
YOU ARE READING
SOULMATE
Fanfictionလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...