အသံပေါင်းစုံဆူညံနေသည့် ကန်တင်းစားသောက်တန်းမှာ သူမတ်တပ်ရပ်နေရင်း ဒိုင် ထိုင်နေသည့် စားပွဲဝိုင်းဆီကို လှမ်းကြည့်လိုက်မိ၏။ မိန်းကလေးအုပ်စု တရုန်းရုန်းကြားထဲမှာ သွားတွေပေါ်အောင် ရယ်နေသည့်မျက်နှာကြီးက တစ်ခါတစ်ခါလည်း သူ့ကိုလှမ်းကြည့်လာသည်။ ပါးစပ်လှုပ်ရုံဆဲပေးလိုက်တာကိုလည်း ဘာလဲဆိုသည့်သဘောနှင့် မျက်ခုံးတွေပင့်ပြနေသေး၏။ အိမ်မှာ အေးဆေးစားရသည့် မနက်စာကိုကျတော့ အရိုးများသလေး ချေးခါးသလေးနှင့်...။ ကားပါကင်ထိုးလိုက်မှ 'ဗိုက်ဆာလို့ ကန်တင်းသွားမယ်' ထပြောတော့သည်။ ဒီရောက်လာတော့လည်း ထုံးစံအတိုင်း စားသောက်စရာတွေကို သူပဲ ယူပေးရရင်း ကျေးဇူးရှင်ကတော့ ခွေးသားအုပ်မကြီးလိုမျိုး တရုန်းရုန်းဖြစ်ပျက်နေ၏။
ဘယ်လိုမှ စိတ်တိုင်းမကျဖြစ်လာသည့်စိတ်က တွေးနေမိတာတောင်မှ အတွေးကောင်းမဖြစ်လာတော့ဘဲ ရုတ်ရုတ်ညံ့ညံ့တွေ ပြောထွက်မိတော့မလို..။ အခိရု မျက်နှာလွှဲလိုက်မိရင်း သက်ပြင်းချလိုက်မိ၏။ ဝဋ်မကုန်သေးသရွှေ့တော့ ဆပ်ဦးပေါ့...။
"ကဲ... မိန်းကလေးတို့... ကိုယ်တို့နှစ်ယောက်.. မနက်စာလေး... စားလိုက်ဦးမယ်... ဖြစ်တယ်မို့လား"
စားစရာတွေကို စားပွဲပေါ် တမင်ဆောင့်ချပြီး အခိရုဆီက အငေါ့တူးစကားပါ တဆက်တည်း ပါလာ၏။ ဒိုင့်ရယ်သံကြားမှ မိန်းကလေးတွေကလည်း တခစ်ခစ်ရယ်သံတွေနှင့်...။
"ဒိုင်ခွန်!... သွားပြီနော်"
"ဒိုင်စံ!... ညကျ တွေ့ဖို့ မမေ့နဲ့နော်... ဖုန်းဆက်လိုက်မယ်"
"ဒိုင်စံ!... ဘိုင့်ဘိုင်"
သာလိကာရှုံးသလို တစ်ယောက်တစ်ပေါက်အသံတွေကြားမှာ ဒိုင်နခအိက အပြုံးနှင့် ခေါင်းတညိတ်ညိတ်ဖြစ်နေ၏။ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီး ယောကျာ်းတန်မဲ့ သူမျက်စောင်းထိုးပစ်လိုက်မိတော့ ပြုံးစိစိမျက်နှာနှင့် စားစရာတွေကို ဆွဲယူသွားပြီး...၊
"စားစရာတွေ ယူပေးတာ... ကျေးဇူးပဲ"
"နောက်တစ်ခါ လုံးဝမခိုင်းနဲ့!"
YOU ARE READING
SOULMATE
Fanfictionလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...