"မင်းကို စိတ်မချလို့... နောက်ကနေ ဖေဖေလိုက်လာခဲ့တာ... ပြီးတော့... မင်းကို ပြန်လွှတ်လိုက်တာကို... မှတ်မိတယ်မို့လား"
ပေလမ်းပေါ်မှာ သွေးတွေနှင့်ငြိမ်သက်နေသည့် လူတစ်ယောက်ဘေးမှာ သူကိုယ်တိုင်လည်း သွေးပျက်ခြောက်ခြားနေချိန် ဘေးမှာ ထိုးရပ်လာသည့်ကားထဲက မစ္စတာနခအိရဲ့ပုံရိပ်ကို ပြန်မြင်ယောင်ရင်း အသက်မရှိသူတစ်ယောက်လို ဒိုင် ခေါင်းညိတ်ပြလိုက်မိ၏။ 'မင်းစိတ်အေးအေးထားပြီး ပြန်လိုက်တော့... ဒီကိစ္စကို ဖေဖေရှင်းလိုက်မယ်' ဆိုပြီး သူ့ကိုပြောခဲ့တာကိုလည်း အခုထိမမေ့သေးပါ။
"အဲဒီတုန်းက... ဆေးရုံကို လှမ်းအကြောင်းကြားပြီး... ပို့ပေးလိုက်တဲ့အချိန်ကစပြီး... အခုချိန်ထိ... ရွှန်းစံကို ဖေဖေတို့ကပဲ... စောင့်ရှောက်ပေးလာခဲ့တာပါ... သားရယ်... မိဘမေတ္တာဆိုတာ... သားသမီးနဲ့ပတ်သက်လာရင်... ပေးဆပ်ပုံအမျိုးမျိုးနဲ့ ပေးဆပ်နေကြတာပါပဲ... ဒါတွေကိုလည်း... မိဘဖြစ်မှပဲ... လုပ်နိုင်ကြတာ... ရွှန်းစံအတွက်ကတော့... တရားချင်မှတရားလိမ့်မယ်... ဒါပေမဲ့... မင်းက ဖေဖေတို့သားဖြစ်နေတာနဲ့ပဲ... ကျန်တဲ့သူတွေအတွက်ကို... အတ္တကြီးလိုက်မိကြတာ... ဒီကိစ္စကို... သူ့အမေလည်း... အားလုံးသိပြီးသွားပြီ... သားတို့နှစ်ယောက်စလုံး... နာကျင်ရလိမ့်မယ်... ဘယ်လိုမှမဖြစ်နိုင်တော့ဘူး... သား"
"ဟုတ်တယ်... သား... သားဖေဖေပြောတာ အမှန်တွေပဲ... ဒီအကြောင်းတွေကို... ဒီတစ်သက်ပြန်မပြောရတော့ဘူးလို့... ထင်ခဲ့တာပါကွယ်... အဲ့ဒီအချိန်တုန်းက... သားကို နိုင်ငံခြားလွှတ်လိုက်ပြီး... မေမေကပဲ... အရူးမီးဝိုင်းသလိုဖြစ်နေတဲ့... ရွှန်းစံရဲ့အမေဆီမှာ... ဖြစ်စဉ်တွေကို ပြောပြပြီး... ဒူးထောက်တောင်းပန်ခဲ့မိတယ်... သူ့သားကြောင့်ရတဲ့... သောကတွေကြားထဲကနေ... မေမေ့မျက်ရည်တွေကိုမြင်ပြီး... မေမေတောင်းပန်တာကို... လက်ခံပေးပေမဲ့... သားကိုတော့... ဒီကိုလုံးဝပြန်မလာပါစေနဲ့ဆိုတဲ့... ကတိကိုလည်း... မေမေပေးခဲ့ရတယ်... အခုလိုမျိုးတွေဖြစ်မယ်မှန်းသိရင်... သားပြန်လာမယ်ဆိုတာကို... မေမေတို့... တားခဲ့မိမှာ... ဘာပဲဖြစ်ဖြစ်... အခုလည်း... နောက်မကျသေးတာမို့... သားဘက်က လက်လျှော့လိုက်ပါတော့"
YOU ARE READING
SOULMATE
Fanfictionလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...