ကားမောင်းနေရင်း ဖုန်းသံကြောင့် နားမှာတပ်ထားသည့် နားကျပ်ကိုနှိပ်လိုက်ပြီး...၊
"ဟဲလို!"
"ဒီနေ့ လာမခေါ်တော့ဘူးလား"
တစ်ဖက်က ကြားလိုက်ရသည့် အသံကြောင့် ကားက ဘရိတ်သံပြင်းပြင်းနှင့် လမ်းဘေးတစ်နေရာမှာ တုံ့ရပ်သွားခဲ့၏။ စတန်းန်နှင့်ထောင်ထားသည့် ဖုန်းပေါ်မှာ ပေါ်နေသည့် ကွန်တက်ထ်နံပါတ်ကို ကြည့်လိုက်မိမှ ဒိုင် ပိုပြီး အံ့ဩသွားသည်။ ပြီးမှ နှုတ်ခမ်းတွေက တားလို့မရအောင် ပြုံးကျသွားရင်း...၊
"တကယ် လာခေါ်ရမှာလား"
တကယ်ဆို အခုလည်း သူ့ဆီကိုပဲ လာနေတာပါ။ အတန်းထဲမှာ စကားများပြီးကတည်းက ကျောင်းဆင်းချိန်မှာလည်း သူ့ကိုမစောင့်ဘဲ ပါမောက္ခနှင့် ပြန်လိုက်သွားသည့် ရွှန်းက သူ့ဆီကို တစ်ညလုံးဖုန်းဆက်မလာခဲ့...။ ဖုန်းကို ဘေးမှာ ချထားရင်း လူးလှိမ့်နေခဲ့ရသည့် ညက လွန်မြောက်တာနှင့် မိုးလင်းလင်းချင်း ထွက်လာမိတော့သည်။ ကိုယ်ပြောတာကို လက်မခံနိုင်ဘူးလားဆိုသည့် အတွေးဝင်မိချိန် ကားကို ဦးတည်ချက်မရှိမောင်းနေမိရင်း နောက်ဆုံးမှာတော့ ဘာကိုပဲဖြစ်ဖြစ် ရှင်းအောင်မေးမယ်ဆိုသည့် စိတ်နှင့် သူ့ဆီကိုပဲ ဦးတည်လိုက်မိ၏။ အခုတော့ သူက ဖုန်းဆက်လာခဲ့ပြီ။
"အဲဒါဆိုရင်လည်း... မလာနဲ့တော့"
တစ်ဖက်က ရွှန်းရဲ့ အလိုမကျသံသေးသေးလေး ထွက်ပေါ်လာ၏။
"ဟာ!... ဟေ့... စတာ... လာပြီ... လာပြီ... ခဏစောင့်ပေး"
လမ်းကြောင်းပေါ်ပြန်ရောက်လာသည့် ကားကို အရှိန်မြှင့်လိုက်ပြီး နားမှာတပ်ထားသည့် နားကျပ်ကို ဖြုတ်ခါနီးမှ တစ်ဖက်က စကားသံကြောင့် စတီယာရင်ကို ကိုင်ထားသည့် လဒိုင့်လက်တွေက ပိုတင်းကျပ်သွားမိ၏။
"ကားကို ဖြည်းဖြည်းမောင်းလာခဲ့"
အဆက်အသွယ်ပြတ်တောက်သွားတာနှင့်အတူ ကလပ်ကိုဖိနင်းထားသည့် သူ့ခြေထောက်ကလည်း အားပျော့ကျသွားသည်။ အရှိန်နှင့်မောင်းရသည့် ပြိုင်ကားဆိုသည့် ဂုဏ်ပုဒ်က တမဟုတ်ချင်းပင် အဆင့်နိမ့်သွားသလို...။ တစ်ယောက်တည်း ရယ်နေမိရင်း သေချာတာက သူ အချစ်ကို တွေ့ခဲ့ရပြီမဟုတ်လား...။
YOU ARE READING
SOULMATE
Fanfictionလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...