"ဒါက... ဘယ်နေရာလဲ"
ရောက်လာကတည်းက သတိမထားနိုင်ခဲ့သည့် တစ်ထပ်တိုက်ပုပုပြားပြားလေးကို သူမော့ကြည့်လိုက်မိ၏။ ဒိုင်က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ဒန်းပေါ်ထိုင်ခိုင်းလိုက်ပြီးမှ ဘေးမှာ ပူးကပ်ဝင်ထိုင်လာသည်။
တကယ်ဆိုလျှင် ဒီနေရာကို ခေါ်လာတယ်ဆိုတာ ဝုန်းဒိုင်းကြဲဖြစ်ကြတော့မဲ့ ဒေါသတရားတွေကို ထွက်ပေါက်ပေးဖို့လည်းပါသလို နောက်ဆုံး ရွှန်းဘက်က ကိုယ့်အပေါ်ကိုဘယ်လိုပဲ လက်မခံနိုင်စရာ၊ မဝန်ခံနိုင်စရာတွေ ရှိနေခဲ့လျှင် မာနတွေကို အောက်ချပြီး သူ့ရှေ့မှာ ဒူးထောက်ဖို့အထိ ဆုံးဖြတ်ချက်တွေနှင့်...။ ဒါတွေကြောင့်ပဲ ဒီနေရာကို သူရွေးချယ်လိုက်တာပါ။ အခုချိန်မှာတော့ အခြေအနေက တစ်မျိုး ပြောင်းလဲသွားခဲ့ပြီမဟုတ်လား...။
"ငါတစ်ယောက်တည်း... သီးသန့်နေချင်တဲ့ အချိန်ဆိုရင်... လာနားတဲ့နေရာ... ပြီးတော့ မင်းကို... ဒီခေါ်လာတယ်ဆိုတာက... ဘာဖြစ်ချင်နေမှန်း မသိတဲ့ မင်းကို... ကိုယ့်စိတ်ကိုပဲဖြစ်ဖြစ်... မင်းအပေါ်မှာထားတဲ့... ငါ့ရဲ့သဘောထားကိုပဲဖြစ်ဖြစ်... မင်းသိသွားအောင် ပြောပြဖို့နဲ့... ဒေါသတွေထွက်ပြီး ထိုးကြနှက်ကြရင်လည်း... ဘယ်သူမှ လွယ်လွယ်မသိနိုင်အောင်... တမင်လာလိုက်တာ... ရှင်းအောင် ပြောရရင်... အေးအေးဆေးဆေး ရန်ဖြစ်မယ်ပေါ့... အခုတော့... ရည်းစားရသွားတာပဲ... အဖတ်တင်သွားတယ်... စိတ်ကူးထားတာနဲ့တော့... တော်တော်လေးလွဲသွားပေမဲ့... ဒီအခြေအနေက ပိုကောင်းပါတယ်"
စကားအဆုံးမှာ ရွှန်းက သူ့မေးဖျားကို လက်သီးနဲ့ ကပ်တွန်း,တွန်းလိုက်ပြီးမှ...၊
"အဲဒီ ပြုံးစိစိမျက်နှာကြီးကို... ပြန်ပြင်လိုက်နော်... အခုရန်ဖြစ်ချင်တယ်ဆိုရင်လည်း... ရတယ်... ဒိုင်!... နာချင်နေတာလား"
"ဟား... ဟား... ချစ်လို့စတာ... ဒီအိမ်သော့ကို မင်းကိုလည်း တစ်ချောင်းပေးထားမယ်... စိတ်ညစ်ရင်ပဲဖြစ်ဖြစ်... ငါ့ကိုစိတ်ကောက်ရင်ပဲဖြစ်ဖြစ်... လာနေပေါ့"
"တော်စမ်းပါ... သိပ်ပြီး ဝေးဝေးလံလံတွေ လျှောက်ရှာနေရဦးမယ်"

ESTÁS LEYENDO
SOULMATE
Fanficလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...