25 - U

10 3 0
                                    

"ငါစုံစမ်းခိုင်းထားတဲ့ကိစ္စကရော... အခြေအနေဘယ်လိုရှိလဲ"

"အဲဒါက... သိပ်ပြီး လိုက်လို့်မရတာလေးတွေ ရှိနေသေးလို့... မင်းဆီ လှမ်းမပြောသေးတာ"

"ဘာတွေမို့လို့လဲ"

"ပြောရမယ်ဆိုရင်တော့... ရွှန်းကိစ္စက... နည်းနည်း ထူးဆန်းနေတယ်ကွ"

ဖုန်းကို နားနဲ့ ပခုံးကြားမှာ ညှပ်ထားရင်း ဖုန်းပြောနေချိန် အင်္ကျီကြယ်သီးတပ်မလိုပြင်နေသည့် ဒိုင့်လက်တွေ တုံ့သွား၏။ တစ်ဖက်ကကြားနေရသည့် အခိရုအသံကလည်း အတည်ပြောနေတာဆိုတာကို ပိုပြီးသိသာသွားအောင် လေသံကအစ လေးနက်နေတာမျိုး...။ ဖုန်းကို လက်နဲ့ပြန်ကိုင်လိုက်ရကာ ရင်ကွဲအတိုင်းနှင့် ခုတင်ပေါ်ကို ထိုင်ချလိုက်မိပြီးမှ....၊

"ဘာတွေ ထူးဆန်းနေလို့လဲ"

ပြောလာမဲ့ အသံကို နားစိုက်ထောင်နေချိန် တံခါးခေါက်သံနှင့်အတူ အခန်းထဲဝင်လာသည့် လူရိပ်ကြောင့် လှည့်ကြည့်လိုက်မိ၏။

"သားက... အပြင်သွားမလို့လား"

မဒမ်အိမိကို,ကို ခေါင်းညိတ်ပြုံးပြလိုက်ရင်း တစ်ဖက်က စကားသံကို နားထောင်လိုက်ပေမဲ့လည်း ဘာပြောသွားတာလဲဆိုတာ မသဲကွဲတော့...။

"အခိရု!... ငါနောက်မှပဲ ပြန်ဆက်လိုက်မယ်"

နောက်ဆုံးတော့ ဖုန်းပြောခြင်းကို တဝက်နှင့်ပဲဖြတ်ချပစ်လိုက်ရကာ အင်္ကျီဝတ်ဖို့ကိုပဲ အာရုံစိုက်လိုက်ရတော့၏။ မှန်ရှေ့ရပ်နေသည့် သူ့နောက်က သူမပုံရိပ်ကိုလည်း ပြုံးပြလိုက်ရရင်း...၊

"ဟုတ်တယ်... မေမေ... ကျွန်တော့်ကို တစ်ခုခု ခိုင်းစရာရှိလို့လား"

"မရှိပါဘူးကွယ်... တစ်အိမ်ထဲနေကြပြီး... ငါ့သားကို မတွေ့တာ ကြာနေလို့... ဒီဘက်လှည့်... မေမေတပ်ပေးမယ်"

အင်္ကျီကြယ်သီးတပ်ပေးနေရင်း မဒမ်အိမိကိုက သူ့မျက်နှာကို မော့ကြည့်လာ၏။

"သား!... အခုတလော... ညဘက်တွေ အိမ်ပြန်မအိပ်ဘူးဆို... အပြင်မှာ အိပ်ရမဲ့အကြောင်းတွေ... ရှိနေတာလား"

ကိုယ့်ကို သိပြီးသားနော်ဆိုသည့် အပြုံးတွေနှင့် သူမကိုပဲ သွားတွေပေါ်အောင် ရယ်ပြလိုက်မိပြီး...၊

SOULMATEDonde viven las historias. Descúbrelo ahora