12 - U

16 2 0
                                    

ဘေးမှာချထားသည့် ဖုန်းတုန်ခါသံကို နားထောင်ရင်း ရွှန်း သက်ပြင်းချလိုက်မိ၏။ ဒိုင်နဲ့ မဆုံရအောင် ရှောင်နေမိသည့် သုံးရက်အတွင်းမှာ ဒါက သူ့ရဲ့ဘယ်နှစ်ကြိမ်မြောက်ဖုန်းကောလ်လဲဆိုတာ သူ မမှတ်နိုင်တော့...။ အတွေးတွေနှင့် ခုတင်ပေါ်မှာ ငိုင်နေမိချိန် တံခါးခေါက်သံနှင့်အတူ အခန်းတံခါးကလည်း ပွင့်လာခဲ့ပြီး...၊

"သား... ဒီနေ့တော့ ကျောင်းတက်မှာလား"

"ဟုတ်... သွားမှာ... မေမေ့ကို စောင့်နေတာ"

"ဒါဆိုလည်း... သွားမယ်လေ... မေမေလည်း ပြီးနေပြီ"

ကျောပိုးအိတ်ကို လက်တစ်ဖက်က ဆွဲထားရင်း အသက်မဲ့သလို ခြေလှမ်းတွေနှင့် သားဖြစ်သူကို ကြည့်နေရင်း သူမ သက်ပြင်းချလိုက်မိ၏။ ဒိုင့်ဘက်ကလည်း ဒီသုံးရက်အတွင်းမှာ အိမ်ကို ရောက်လာခဲ့တာ အကြိမ်ကြိမ်...။ လာလိုက်တိုင်းလည်း သားဘက်က မတွေ့ချင်ဘူးဆိုပြီး ငြင်းလွှတ်ခဲ့တာကြောင့် ကြားထဲက သူမကပဲ အားနာခဲ့ရတာပါ။ အိမ်ထဲဝင်လာလျှင် အပြုံးမျက်နှာနှင့်ဆိုပေမဲ့ ပြန်သွားရချိန်တိုင်း ဒိုင့်မျက်နှာမှာ ညှိုးငယ်ရိပ်တွေနှင့်...။ ဒါတွေကို သားဖြစ်သူဆီ ပြန်ပြောပြလိုက်ချိန် သူ့ပုံစံကမှ ဘုံးဘုံးလဲတော့မလိုနှင့် ပိုဆိုးသွား၏။ နှစ်ယောက်ကြားမှာ ဘာတွေရှိနေသလဲဆိုတာ သူမ မသိပေမဲ့ သေချာတာက သာမန်ထက်ပိုနေမိကြသည့် ဆက်ဆံရေးမျိုးလား...။

စကားလည်း မပြောမိကြဘဲ နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ်ပဲ အိမ်ပြင်ထွက်လာမိချိန် အိမ်ရှေ့မှာ ရပ်နေသည့် လူရိပ်ကြောင့် မဒမ်ယုကီ အံ့ဩသွား၏။

"ဒိုင်ချန်!... သားရောက်နေတာလား"

ဒိုင်လို့ မေမေပြောလိုက်တာလား...။

ခေါင်းငုံ့ထားသည့် ရွှန်းမျက်နှာက ဖျတ်ခနဲမော့ကြည့်ပြီး သူရှိနေရာကို အားစိုက်ကြည့်လာ၏။ ကားတံခါးကို မှီပြီး လက်ပိုက်ရပ်နေသည့် ဒိုင့်မျက်နှာက သူ့ကို အမိဖမ်းလိုက်နိုင်သလိုမျိုး ရွဲ့ချိတ်ချိတ်အမူအရာတွေနှင့်...။

အံ့ဩဝမ်းသာသွားသလိုဖြစ်သွားသည့် မဒမ်ယုကီကိုလည်း ပြုံးပြလိုက်ရင်း သူမဘေးမှာ အခုချိန်ထိ ကိုယ့်ကို မမြင်ဖူးသလို မတုန်မလှုပ် ရပ်ငေးနေသည့် သူ့ရှေ့မှာပဲ နီးနီးကပ်ကပ်ရပ်လိုက်မိကာ...၊

SOULMATETempat cerita menjadi hidup. Temukan sekarang