"လူနာ ရွှန်းနခနိရှိစံ... ရှိပါသလား... ဝင်လို့ရပါပြီ"
သူနာပြုရဲ့ စကားသံကို ကြားလိုက်ရချိန် ရွှန်းရဲ့ခေါင်းက မတ်ခနဲဖြစ်သွား၏။ ဆုပ်ကိုင်ထားမိသည့် လက်လေးတစ်ဖက်က အေးစက်နေတာကို ခံစားလိုက်ရတော့ ဒိုင် ပြုံးလိုက်မိသည်။
"စိတ်လျှော့ထားပါကွာ"
ခေါင်းညိတ်ပြလာပြီးမှ ရင်ဘတ်လေးမောက်ကြွသွားအောင် အသက်ရှူသွင်းနေပြန်သည်။ ဖွင့်ပေးထားသည့် အခန်းထဲကို ဝင်လိုက်ချိန် အပြုံးတွေနှင့် ဆရာဝန်ကြီးက သူ့ကိုမြင်လိုက်တော့ အံ့ဩသွားသလိုနှင့်...၊
"ဪ!... မောင်ရင်ရော တခါတည်း လိုက်လာတာလား"
ထူးဆန်းနေသည့် စကားအသွားအလာကြောင့် ရွှန်းက သူ့ဘက်ကို ခေါင်းစောင်းလှည့်လာ၏။ အနားကို အသာလေးတိုးလိုက်ပြီး လေသံသဲ့သဲ့နှင့်ပဲ အမြန်ဖြေရှင်းချက်ထုတ်လိုက်ရသည်။
"ပြီးကျမှ အားလုံးပြောပြမယ်... အခုတော့ ထိုင်လိုက်တော့နော်"
မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ကြပြီးမှ ဒိုင် ပြုံးပြလိုက်မိရင်း...၊
"ဟုတ်တယ်... သူတစ်ယောက်တည်းဖြစ်နေလို့... ကျွန်တော်က အဖော်လိုက်လာပေးတာ"
ခေါင်းတငြိမ့်ငြိမ့်နှင့်ပဲ ဆရာဝန်ကြီးက လူနာမှတ်တမ်းကို ဖတ်ကြည့်လိုက်ပြီးမှ...၊
"ဒီက... လူနာ ရွှန်းနခနိရှိစံက... မတော်တဆမှုတစ်ခုကြောင့်မို့လို့... အမြင်အာရုံဆုံးရှုံးသွားရတာနော်... ဟုတ်တယ်မို့လား... ခေါင်းထိခိုက်သွားလို့... slow blind ဖြစ်ရာက... တဖြည်းဖြည်းအမြင်ကွယ်သွားတာဆိုတော့... အင်း!..."
မြင်နေရသည့် ဆရာဝန်ကြီးမျက်နှာကို ငေးနေရင်း ဒိုင် အသက်တောင်ရှူမိရဲ့လားမသိ...။ ဘေးမှာထိုင်နေသူက သူ့ဘက်ကို ပခုံးချင်းတိုးကပ်ယိုင်ကျလာတာကိုလည်း အသာလေးဖက်ထားလိုက်ရကာ အေးစက်နေသည့် လက်လေးကိုလည်း ဖိဆုပ်ထားလိုက်ရ၏။ ဆေးစစ်ချက်မှတ်တမ်းတွေ၊ ဓာတ်မှန်စာရွက်တွေကို တစ်ခုချင်း အသေးစိတ်ကြည့်နေသည့် ဆရာဝန်ကြီးက ငြိမ်သက်နေသည့် မျက်လုံးလေးတွေနှင့် သူ့ကိုပဲ ငေးကြည့်သလိုဖြစ်နေသည့် ရွှန်းကိုပဲ တည့်တည့်စိုက်ကြည့်လာပြီးမှ...၊
YOU ARE READING
SOULMATE
Fanfictionလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...