7 - U

20 3 0
                                    

     မနက်စာစားဖို့ စားပွဲဆီလှမ်းနေသည့် ခြေလှမ်းတွေက လူခေါ်ခေါင်းလောင်းသံကြောင့် နံရံမှာ တပ်ထားသည့် ခလုတ်ဆီကို သူ ဦးတည်သွားလိုက်မိ၏။

"ဘယ်သူနဲ့ တွေ့ချင်လို့လဲ"

"ရွှန်းစံလား"

     မနက်စောစောမှာ ကြားလိုက်ရသည့် အသံက သူအိပ်မက်ယောင်နေတာတော့ မဟုတ်လောက်ပါ...။ စောစောစီးစီး သူများအိမ်ကို ဘာလာလုပ်တာလဲ။ အံ့ဩစိတ်ကြောင့် ဘာမှပြန်မပြောနိုင်သည့် သူ့ပုံစံကို မနက်စာပြင်နေရင်း မေမေကတောင် လှမ်းကြည့်နေပြီ...။

"သားရေ... ဘယ်သူမို့လို့လဲ"

"ဘယ်သူမှ မဟုတ်ပါဘူး... အိမ်မှားတာနေမှာ"

     အင်တာကွန်းခလုတ်ကိုနှိပ်လျက်သားနှင့် ပြန်ဖြေနေသည့် အသံလေးကို တံခါးရှေ့မှာ ရပ်နေသည့် ဒိုင်တစ်ယောက် အတိုင်းသား ကြားနေရ၏။

သိသားပဲ...။ သူမှန်းသိနေလို့ ရွှန်းနခနိရှိတို့ ညစ်နေတာ...။

လူခေါ်ခေါင်းလောင်းခလုတ်ကို နောက်တစ်ကြိမ်ထပ်နှိပ်ပစ်လိုက်မိသည်။ ဒီတစ်ခါပြန်ဖြေလာသူက မဒမ်ယုကီဖြစ်နေခဲ့ပြီး အဆုံးသတ်မှာတော့ သူလည်း အိမ်ထဲကိုတောင် ရောက်နေပြီ...။

"ဒိုင်ချန်က... ဒီကို တမင်လာတာလား"

     စားပွဲမှာထိုင်ပြီး မှုန်ကုပ်ကုပ်မျက်နှာနှင့် သူ့ကိုတစ်ချက်ကြည့်လာသည့် ရွှန်းကို လှမ်းကြည့်လိုက်မိရင်း..၊

"ဟုတ်... သူ့ကို ကျောင်းသွားဖို့ လာခေါ်တာ"

"မင်းနဲ့...ဘယ်သူက လိုက်မယ်ပြောနေလို့လဲ"

"သားရေ... သူငယ်ချင်းကို... ဘယ်လိုကြီးပြောလိုက်တာလဲ... ဒိုင်ချန်!....သား မနက်စာ... မစားသေးရင်.. တစ်ခါတည်း စားလိုက်လေ... လာ... လာ... ဆရာမ.. နောက်လိုက်ခဲ့"

     သူ့ဘေးမှာ ဝင်ထိုင်လိုက်ချိန် လှည့်ကြည့်လာသည့်မျက်နှာက ဘာလာလုပ်ပြန်တာလဲဆိုသည့်အကြည့်နှင့်....။ ရှေ့မှာ ချပေးထားသည့် ငါးဆန်ပြုတ်ကို ငုံ့သောက်ဖို့ပြင်လိုက်မှ ဘေးက စကားသံကလည်း မညင်မသာ ပြောလာ၏။

SOULMATEDonde viven las historias. Descúbrelo ahora