တံခါးဖွင့်သံကြားလိုက်တာနှင့် လှဲနေရာက ရွှန်း အမြန်ထထိုင်မိလိုက်၏။ အခန်းထဲဝင်လာရင်း သူလှမ်းကြည့်လိုက်မိချိန် ညအိပ်မီးရောင်အောက်မှာ အဖြူရောင်ပိုးသားလက်ရှည် ညဝတ်ဝမ်းဆက်လေးနှင့် ခုတင်ပေါ်မှာ တင်ပလ္လင်ခွေထိုင်နေသည့် သူ့ပုံစံလေးက ဖြူဖြူပုံ့ပုံ့နှင့် ဂွမ်းဂွမ်းလုံးဖြူလေးလို...။ ဘေးမှာ ဝင်လှဲလိုက်မိတော့ သူ့ကို ငုံ့ကြည့်လာရင်း...၊
"မေမေက... ဘာပြောလဲ"
"ဘာမှတော့... ထွေထွေထူးထူး မပြောပါဘူး... ဒါပေမဲ့... တစ်ခုတော့ ပြောတယ်"
စိတ်ဝင်စားသွားသည့် မျက်လုံးလက်လက်တွေနှင့် သူ့ကိုလည်း ပိုအားစိုက်ငုံ့ကြည့်လာပြီး...၊
"ဟင်!... ဘာပြောလိုက်လို့လဲ"
"သူ့သား... ခိုးရာလိုက်သွားတာထင်နေတာတဲ့... အား!...သေပြီ... ဟေ့ကောင်... ဟေ့ကောင်... စတာနော်... မင်း လွန်မယ်"
ဘေးမှာရှိနေသည့် ခေါင်းအုံးကို ဆွဲယူပြီး ရွှန်းက သူ့တစ်ကိုယ်လုံးကို ထရိုက်တော့၏။
"ဟား... ဟား... ရွှန်း!... အေးပါ... ငါမစတော့ဘူး"
ရိုက်ချက်တွေကို သေလုအောင်ရှောင်နေရရင်း ဒိုင့်ရယ်သံကြီးက သူ့ကို လှောင်နေသည့်အတိုင်း...။ ဒီမှာ စိတ်ပူနေတာကို စ,စရာလား...။
တနေကုန် ကျောင်းလည်းမသွားဖြစ်ကြဘဲ ဒီအိမ်မှာပဲ အချိန်ဖြုန်းနေမိကြတာက ညနေရောက်ချိန်မှာတော့ ရွှန်းတစ်ယောက် မပြန်ချင်ဘူး ထဖြစ်တော့သည်။ သူပြောတဲ့အတိုင်း ခေါင်းညိတ်ပေးလိုက်သည့် ကိုယ်ကပဲ မဒမ်ယုကီဆီကို ရှေ့မျက်နှာနောက်ထားပြီး ဖုန်းဆက်ပေးလိုက်ရကာ သူက အခုမှ ထိတ်လန့်နေသည့်မျက်နှာလေးနှင့်..။ အကျိုးအကြောင်းကို အမှန်အတိုင်း သာမန်လိုပဲ ပြောပြလိုက်ဖို့ စိတ်ကူးက အိပ်ခန်းထဲ ဝင်လာချိန် အဆင်ပြေရဲ့လားဆိုတာ သိချင်စိတ်များနေသည့် မျက်ဝန်းလေးတွေကြောင့် ဒိုင့်စိတ်ထဲ အသည်းယားသွားပြီး စချင်စိတ်ကို မထိန်းနိုင်ဖြစ်သွားတာပါ။
ခေါင်းအုံးကို ဆွဲယူပစ်လိုက်ရင်း ရွှန်းလက်တစ်ဖက်ကိုပါ အမှီလှမ်းဆွဲလိုက်တော့ သူ့ရင်ဘတ်ပေါ် ပြိုကျလာ၏။ ပခုံးလေးကို စီးဖက်ထားလိုက်ပြီးမှ...၊
YOU ARE READING
SOULMATE
Fanfictionလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...